ပန်းဆိုးတန်းဆိပ်ကမ်း မှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂) ရေယာဉ်အား  NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲ ခဲ့မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်များ အသီးသ

ပန်းဆိုးတန်းဆိပ်ကမ်း မှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂) ရေယာဉ်အား  NUG CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲ ခဲ့မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၂

          ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ် မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ (၁၇) ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပါသည်။       

          အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့် မြန်မာ နိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)တို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား များ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။