နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံသားများ၏ငွေကြေးသုံးစွဲမှုပမာဏ သုံးနှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံသားများ၏ငွေကြေးသုံးစွဲမှုပမာဏ သုံးနှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

၂၀၂၂ ခုနှစ်မှ၂၀၂၃ ခုနှစ်သို့ကူးပြောင်းမည့်နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံသားများ၏ ငွေကြေးသုံးစွဲမှု ပမာဏသည် သုံးနှစ်အတွင်း အမြင့်ဆုံးဖြစ်သည့် ဘတ် ၁၀၃ ဘီလီယံအထ ိရောက်ရှိလာကြောင်း  ထိုင်းနိုင်ငံကုန်သွယ်ရေးအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့တိုးတက်မှုသည် ထိုင်းနိုင်ငံ၏စီးပွားရေးက ကပ်ဘေးကြောင့်ထိခိုက်ရမှုမှ ပြန်လည်နာလန်ထူလာပြီ ဖြစ်သည်ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း   အဆိုပါ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် နှစ်သစ်ကူးကာလတွင် နိုင်ငံသားများ၏ငွေကြေးသုံးစွဲမှုပမာဏမှာ ဘတ် ၈၆ ဘီလီယံသာရှိရာမှ ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

ထို့ကြောင့် ယခုနှစ် နှစ်သစ်ကူးကာလသည် အသက်ဝင်လှုပ်ရှားမှုရှိသော နှစ်သစ်ကူးဖြစ်ကာ  နိုင်ငံ၏ စီးပွားရေးမှာလည်း လာမည့်နှစ်တွင် ပုံမှန်အတိုင်းပြန်ဖြစ်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ သာနာဗက်ဖွန်ဘီချိုင်းက ပြောသည်။

ထိုင်းနိုင်ငံ၏ တိုးတက်လာသောခရီးသွားလုပ်ငန်းနှင့် ပုဂ္ဂလိကငွေကြေးသုံးစွဲမှုများကြောင့် အရှေ့တောင်အာရှ၌ ဒုတိယမြောက်စီးပွားရေးအင်အားကြီးနိုင်ငံ၏ ယခုနှစ်စီးပွားရေးတိုးတက်မှုမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် လာမည့်နှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းထားသည်။

Ref:CNA