အီဂျစ်နိုင်ငံ ကိုင်ရိုရှိ အားကစားရုံပြိုကျ၊ အနည်းဆုံး ၂၇ ဦး ဒဏ်ရာရရှိ

အီဂျစ်နိုင်ငံ ကိုင်ရိုရှိ အားကစားရုံပြိုကျ၊ အနည်းဆုံး ၂၇ ဦး ဒဏ်ရာရရှိ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ အားကစားရုံ တစ်ခုပြိုကျမှုကြောင့် အနည်းဆုံးလူ ၂၇ဦးဒဏ်ရာ ရရှိသွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါဖြစ်ရပ်သည်   ကိုင်ရိုမြို့တော် တောင်ပိုင်းရှိ အားကစားရုံတစ်ခုတွင် ဒီဇင်ဘာ၂၄ ရက်က ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း   ဖြစ်ပွားခြင်းဖြစ်သည်။

အားကစားရုံ၏အစိတ်အပိုင်း တစ်ခုပြိုကျမှုအတွင်း ဒဏ်ရာရရှိသူများ အနက် အချို့မှာ သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့သော်လည်း စိုးရိမ်ရသည့်  အခြေအနေမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟော့ဆမ်အဗ္ဗဒယ်ဂါဖာက ပြောကြားသည်။

အားကစားရုံ အစိတ်အပိုင်းပြိုကျပြီး နောက်ပိုင်းတွင်   အာဏာပိုင်များက အခင်းဖြစ်ရာသို့ လူနာတင်ယာဉ်အစီး ၂၀ ကျော်ကို စေလွှတ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဝန်ကြီးဌာနက   ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်နှင့်စပ်လျဉ်း၍   စုံစမ်းစစ်ဆေးရန် အာဏာပိုင်များက ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ တာဝန်ပေးအပ် ထားကြောင်း သိရသည်။