အမေရိကန်တွင်မုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံး

အမေရိကန်တွင်မုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု တစ်ဝန်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးသွားကြောင်း NBC  သတင်းဌာနက ထုတ်ပြန်သည်။

မုန်တိုင်းတိုက်ခတ်မှုများသည် အိုကလာဟိုးမား၊ ကင်တပ်ကီ၊ မစ်ဇူရီ၊ တန်နက်ဆီ၊ ဝစ်ကွန်ဆင်၊ ကန်းဆက်၊ နီဘရာ ဆကာ၊အိုဟိုင်းယို၊ နယူးယောက်၊ ကော်လိုရာဒိုနှင့်  မစ်ချီဂန်ပြည်နယ်တို့တွင်  ဒီဇင်ဘာ ၂၄  ရက်ညနေပိုင်းက  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းတိုက်ခတ်မှုများကြောင့် အိုဟိုင်းယို ပြည်နယ်တွင်  မော်တော်ယာဉ် တိုက်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့်    နယူးယောက်ပြည်နယ်တွင် လေတိုက်ခတ်မှုနှုန်းမှာ တစ်နာရီလျှင် ၇၉ မိုင်(၁၂၇ ကီလို မီတာ)အထိ မြင့်တက်လာခဲ့ပြီး ဘတ်ဖလိုးနှင့် ဝါးတားတောင်း ဒေသတို့၌ ဒီဇင်ဘာ ၂၆ ရက်တွင် နှင်းထုကျဆင်းမှုမှာ ၃ ပေမှ ၅ ပေအထိ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ထို့ပြင်   မုန်တိုင်းတိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်ပြည်နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည့်အပြင် လေကြောင်းခရီးစဉ်   ၃၀၀၀  ကျော်ကို လည်း ဖျက်သိမ်း လိုက်ရကြောင်း  သိရသည်။