အနောက်အုပ်စုက အီရန်ဒရုန်းများ၏ အဆင့်မြင့်မားမှုကို ကောင်းစွာသိရှိအလေးထားနေဟုဆို

တီဟီရန်၊ စစ်ရေး

အနောက်အုပ်စုက အီရန်ဒရုန်းများ၏ အဆင့်မြင့်မားမှုကို ကောင်းစွာသိရှိအလေးထားနေဟုဆို

အနောက်အုပ်စုအနေဖြင့် အီရန်နိုင်ငံ ထုတ်ဒရုန်းများ၏ အဆင့်မြင့်မားမှုကို ကောင်းစွာသိရှိ အလေးထားနေကြောင်း အီရန်ဗိုလ်ချုပ် မိုဟာမတ်ဟော့စိန်ဘက် ကာရီကပြောသည်။

လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခ၌ ရုရှားက အီရန်နိုင်ငံထုတ်ဒရုန်းများ ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေသည်ဟု အနောက်အုပ်စု၏ အကြိမ်ကြိမ်ဝေဖန်ပြောဆို မှုများကြောင့် အီရန်ဒရုန်းများအပေါ် ၎င်းတို့၏ အလေးထားမှုကို မြင်နေရကြောင်း အီရန် ဗိုလ်ချုပ်က ဆက်ပြောသည်။

သို့သော် အနောက်အုပ်စုကစွပ်စွဲထား သကဲ့သို့ လက်ရှိဖြစ်ပွားနေသော ယူကရိန်း ပဋိပက္ခတွင် ရုရှားက အီရန်နိုင်ငံထုတ်ဒရုန်းများကို အသုံးပြုခြင်းမရှိကြောင်း ၎င်းကဖြေရှင်းထားသည်။

ထို့အတူ အနောက်အုပ်စုက ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုများသည် ၎င်းတို့၏စိတ်ဓာတ် စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း အီရန်ဗိုလ်ချုပ်က ဆိုသည်။

အမေရိကန်အနေဖြင့် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အပြည့်အ၀ လေကြောင်းအရေးသာမှု ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ဆုံးရှုံးရခြင်းမှာ အီရန် နိုင်ငံထုတ် ဒရုန်းများကြောင့်ဖြစ်သည်မှာ မှန်ကန်ကြောင်း အီရန်ဗိုလ်ချုပ်က ပြောထား သည်။                       

Ref: RT