နှင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း၌ သေဆုံးသူအယောက် ၅၀ ကျော်လာပြီ

နှင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း၌ သေဆုံးသူအယောက် ၅၀ ကျော်လာပြီ

ခရစ္စမတ်ကာလအတွင်းတိုက်ခတ်သော နှင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း ၌ သေဆုံးသူစုစုပေါင်း အယောက် ၅၀ ကျော်လာပြီဖြစ်ကြောင်း သိရသည်။

နယူးယောက်ပြည်နယ် အဲရီးစီရင်စုကို ဦးတည်တိုက်ခတ်သည့်နှင်းမုန်တိုင်းကြောင့် သေဆုံးသူအများစုသည် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးရခြင်းဖြစ်သည်။

ထို့ပြင် သေဆုံးသူဦးရေသည် ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း  စီရင်စုရှိ ဘတ်ဖလိုမြို့တော်ဝန် ဘိုင်ရွန်ဘရောင်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ငါးရက်ကျော်ကြာ မြင့်နေပြီဖြစ်သည့်  နှင်းမုန်တိုင်းကြောင့် နှင်းထုမှာ လူကြီးတစ်ယောက်၏ ရင်ဘတ်အထိ မြင့်တက်နေပြီဖြစ်ပြီး လျှပ်စစ်ဓာတ် အားပြတ်တောက်မှုများလည်း ဖြစ်ပေါ် လျက်ရှိသည်။

ယခုဖြစ်ပွားသောနှင်းမုန်တိုင်းသည် ရာစုနှစ်၏အဆိုးဆုံးသော နှင်းမုန်တိုင်းအဖြစ် သတ်မှတ်နိုင်ကြောင်း  ဘတ်ဖလိုမြို့ခံဖြစ် သည့် နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီဟိုချူကပြောသည်။

နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အပူချိန်ကျဆင်းလာသည်နှင့်အမျှ နေ့စဉ်အလုပ် သွားနေရသူများနှင့် အေးခဲနေသောနေအိမ်များကို စွန့်ခွာထွက်ပြေးလာသည့် ဒေသခံ အချို့သည် အဝေးပြေးလမ်းမများပေါ်တွင် ပိတ်မိနေသည်။

ထိုသို့ပိတ်မိနေသူများအနက် အချို့မှာ နှင်းမုန်တိုင်းကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ကားထဲမှာ ပင်ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ကာ  သေဆုံးသွားရခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post