ဖုန်းအားသွင်းရာမှ လျှပ်စစ်ဝိုင်ယာကြိုးအပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား

ဖုန်းအားသွင်းရာမှ လျှပ်စစ်ဝိုင်ယာကြိုးအပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်မြို့ နောင်ခိုရပ်ကွက်၌ ဒီဇင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင်  ဖုန်းအားသွင်းရာမှ နေအိမ်အား မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့ နောင်ခိုရပ်ကွက် မဆိုင်းဘူ ၃၂ နှစ်က နေအိမ်မီးပလတ်ခုံတွင် ဖုန်းအားသွင်းထားစဉ် လျှပ်စစ်ဝိုင်ယာကြိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရာ အလျားပေ ၃၀၊ အနံပေ ၃၀ နှင့် အမြင့်၁၈ ပေရှိ သွပ်မိုးထရံကာပျဉ်ခင်းနှစ်ထပ်နေအိမ်မီးလောင်ဆုံးရှုံးသွားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဗန်းမော်မြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစည်သူထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ ဝင်များက ဗန်းမော်မြို့မ ရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှူး လှမြင့်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၈ နာရီခွဲတွင် မီးငြိမ်းသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မဆိုင်းဘူအား ဗန်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှ (ပ)၂၁၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

(၄၀၃)