၂၀၂၂ ခုနှစ် တစ်နှစ်တာကာလ အတွင်းဖြစ်ပေါ်ခဲ့သည့် ရွှေဈေးကွက် အခြေအနေ

၂၀၂၂ ခုနှစ် တစ်နှစ်တာကာလ အတွင်းဖြစ်ပေါ်ခဲ့သည့် ရွှေဈေးကွက် အခြေအနေ

    ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းနှင့်အတူ မြန်မာ့ရွှေဈေး နှုန်းလည်း စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်နှစ် တာ၏ နှောင်းပိုင်းကာလတွင်   ဈေးနှုန်း ပြန်လည်ကျဆင်းကာ    အတက်အကျ အနည်းငယ်သာရှိခဲ့သည်။

အဆိုပါ    တစ်နှစ်တာကာလအတွင်း ရန်ကုန်ရွှေဈေးကွက်၌     ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း အခြေအနေများမှာ  အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ

၂၀၂၂  ခုနှစ် ဇန်နဝါရီ ၁ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၁၇ ဒေါ်လာနှင့် ဇန်နဝါရီ ၃၁ ရက်က အမေရိကန်ဒေါ်လာ ၁၇၈၈ ဒေါ်လာ၊ ငွေလဲနှုန်းမှာ ဇန်နဝါရီ ၁ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၇၈၆ ကျပ်နှင့် ဇန်နဝါရီ  ၃၁  ရက်က   အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ်  ၁၇၇၈  ကျပ်ရှိခဲ့ပြီး  ရန်ကုန်အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၈၂၁၅၀၀ မှ ၁၈၇၂၀၀၀ ရှိခဲ့သည်။

ဇန်နဝါရီလ တစ်လတာအတွင်း ကမ္ဘာ့ ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၀ နှင့် ၁၈၀၀ ဝန်းကျင်ရှိကာ  အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၁၈၃၇ ဒေါ်လာနှင့် အနိမ့်ဆုံး ၁၇၈၈ ဒေါ်လာအထိရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် အမြင့်ဆုံး ငွေကျပ် ၁၈၈၀၀၀၀ နှင့် အနိမ့်ဆုံး ငွေကျပ် ၁၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ

    ဖေဖော်ဝါရီ ၁ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၉ ဒေါ်လာနှင့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်ဒေါ်လာ ၁၉၇၀ ရှိခဲ့ပြီး တစ်လတာအတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၀ ကျော် မြင့်တက်ခဲ့သည်။ ငွေလဲနှုန်းမှာ  ဖေဖော်ဝါရီ  ၁  ရက်က အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၁၇၇၈ ကျပ်နှင့် ဖေဖော်ဝါရီ ၂၈ ရက်ကဈေးနှုန်း မပြောင်းလဲဘဲရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်  ဖေဖော်ဝါရီ  ၁  ရက်က ငွေကျပ် ၁၈၈၁၀၀၀ နှင့် ဖေဖော်ဝါရီ ၂၈ ရက်က ငွေကျပ် ၁၉၃၆၀၀၀ ရှိခဲ့ပြီး တစ်လတာအတွင်း   တစ်ကျပ်သားလျှင် ငွေကျပ် ၅၀၀၀၀ ကျော် မြင့်တက်ခဲ့သည်။

ဖေဖော်ဝါရီလ တစ်လတာအတွင်း ကမ္ဘာ့ ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမြင့်ဆုံး  အမေရိကန်ဒေါ်လာ  ၁၉၁၀ ဝန်းကျင်နှင့် အနိမ့်ဆုံး ၁၇၉၉ ဒေါ်လာအထိရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်   အမြင့်ဆုံး  ငွေကျပ် ၁၉၃၆၀၀၀  နှင့်  အနိမ့်ဆုံး  ငွေကျပ် ၁၈၇၉၀၀၀ ကျင်ဝန်းကျင်ရှိခဲ့သည်။

မတ် ၁ ရက်မှ ၃၁ ရက်အထိ

    မတ် ၁ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၀၂ ဒေါ်လာနှင့် မတ် ၃၁ ရက်က အမေရိကန် ဒေါ်လာ ၁၉၂၆ ဒေါ်လာ၊ ငွေလဲနှုန်းမှာ မတ်လအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၇၇၈ ကျပ်ဖြင့် ဈေးနှုန်း မပြောင်းလဲကြောင်းနှင့် ရန်ကုန်အခေါက် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် မတ် ၁ ရက်က ငွေကျပ် ၁၉၂၇၀၀၀ နှင့် မတ် ၃၁ ရက်က ငွေကျပ် ၂၀၃၂၀၀၀ ရှိခဲ့ကြောင်း သိရသည်။

မတ်လတစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ  တစ်အောင်စလျှင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၉၀၂ ဒေါ်လာ ဝန်းကျင်နှင့် အမြင့်ဆုံး ၂၀၁၄ ဒေါ်လာရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်  အနိမ့်ဆုံး    ငွေကျပ် ၁၉၂၇၀၀၀  နှင့်  အမြင့်ဆုံး ငွေကျပ် ၂၀၅၁၈၀၀ ဝန်းကျင် ရှိခဲ့သည်။

ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ

    ဧပြီ  ၁  ရက်က  ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၇  ဒေါ်လာနှင့် ဧပြီ ၃၀ ရက်က အမေရိကန်ဒေါ်လာ ၁၈၉၇ ဒေါ်လာ၊ ငွေလဲနှုန်းမှာ ဧပြီလအတွင်း အနည်းငယ်မြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင်   ငွေကျပ် ၁၈၅၀ ရှိလာခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ   တစ်ကျပ်သားလျှင် ဧပြီ ၁ ရက်က ငွေကျပ် ၂၀၃၆၀၀၀ နှင့် ဧပြီ ၃၀ ရက်က ငွေကျပ် ၂၀၄၇၀၀၀ ရှိခဲ့သည်။

ဧပြီလ တစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ  တစ်အောင်စလျှင်  အနိမ့်ဆုံး အမေရိကန်ဒေါ်လာ   ၁၈၇၉  ဒေါ်လာဝန်းကျင်နှင့်  အမြင့်ဆုံး  ၁၉၅၀ ရှိခဲ့ပြီး မတ်လကထက်   ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် အနိမ့်ဆုံး ငွေကျပ် ၂၀၁၈၀၀၀ နှင့်  အမြင့်ဆုံး  ငွေကျပ်  ၂၀၈၆၀၀၀ ဝန်းကျင်ရှိခဲ့သည်။

မေ ၁ ရက်မှ ၃၁ ရက်အထိ

    မေ  ၁  ရက်က  ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၈ ဒေါ်လာနှင့် မေ ၃၁ ရက်က အမေရိကန် ဒေါ်လာ ၁၈၅၄ ဒေါ်လာ၊ ငွေလဲနှုန်းမှာ မေလအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၈၅၀ ရှိခဲ့သည်။ ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် မေ ၁ ရက်က ငွေကျပ် ၂၀၂၄၀၀၀ နှင့် မေ ၃၁ ရက်က ငွေကျပ် ၂၀၄၅၅၀၀ ရှိခဲ့သည်။

မေလတစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ  ၁၈၀၉  ဒေါ်လာဝန်းကျင်နှင့် အမြင့်ဆုံး ၁၈၈၈ ဒေါ်လာရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ  တစ်ကျပ်သားလျှင်  အနိမ့်ဆုံး   ငွေကျပ် ၁၉၄၆၇၀၀  နှင့်   အမြင့်ဆုံး  ငွေကျပ် ၂၀၅၄၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ဇွန် ၁ ရက်မှ ၃၀ ရက်အထိ

    ဇွန် ၁ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ  ၁၈၃၇ ဒေါ်လာနှင့် ဇွန် ၃၀ ရက်က အမေရိကန်ဒေါ်လာ  ၁၈၁၇  ဒေါ်လာ၊   ဇွန်လအတွင်း   ငွေလဲနှုန်းမှာ   အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၈၅၀ ဖြင့် ဆက်လက်ရှိနေပြီး ရန်ကုန်အခေါက်ရွှေ ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ဇွန် ၁ ရက်က ငွေကျပ် ၂၀၃၅၀၀၀ နှင့်  ဇွန်  ၃၀  ရက်က ငွေကျပ် ၂၀၅၉၀၀၀ ရှိခဲ့သည်။

ဇွန်လတစ်လတာအတွင်း     ကမ္ဘာ့ ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၈၁၇ ဝန်းကျင်နှင့် အမြင့်ဆုံး ၁၈၅၀ ရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်   အနိမ့်ဆုံး   ငွေကျပ် ၂၀၃၅၀၀၀  နှင့်  အမြင့်ဆုံး  ငွေကျပ် ၂၀၅၉၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ

    ဇူလိုင် ၁ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၈၀၃ ဒေါ်လာနှင့် ဇူလိုင် ၃၁ ရက်ကအမေရိကန်ဒေါ်လာ  ၁၇၆၆  ဒေါ်လာ၊ ငွေလဲနှုန်းမှာ ဇူလိုင်လအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၈၅၀ နှင့် ရန်ကုန်အခေါက်ရွှေ တစ်ကျပ်သားလျှင် ဇူလိုင်  ၁  ရက်က ငွေကျပ် ၂၀၆၂၀၀၀ နှင့် ဇူလိုင် ၃၁ ရက်က ငွေကျပ် ၂၀၆၀၀၀၀ ရှိခဲ့သည်။

ဇူလိုင်လ  တစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၆၈၉ ဒေါ်လာဝန်းကျင်နှင့် အမြင့်ဆုံး ၁၈၀၃ ဒေါ်လာရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ  တစ် ကျပ်သားလျှင်    အနိမ့်ဆုံး   ငွေကျပ် ၂၀၄၅၀၀၀  နှင့်   အမြင့်ဆုံး  ငွေကျပ် ၂၀၆၂၀၀၀ ဝန်းကျင်ရှိခဲ့သည်။

သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ

    သြဂုတ် ၁ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၇၆၂ ဒေါ်လာနှင့် သြဂုတ် ၃၁ ရက်က အမေရိကန်ဒေါ်လာ ၁၇၂၁ ဒေါ်လာ၊ ငွေလဲနှုန်းမှာ သြဂုတ် ၁ ရက်က အမေရိကန်တစ်ဒေါ်လာလျှင်  ငွေကျပ် ၁၈၅၀ နှင့် သြဂုတ် ၃၁ ရက်က ငွေကျပ် ၂၁၀၀ အထိမြင့်တက်လာပြီး ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်  သြဂုတ်  ၁  ရက်က ငွေကျပ် ၂၀၆၀၀၀၀ နှင့် သြဂုတ် ၃၁ ရက်က ငွေကျပ် ၂၀၂၁၀၀၀ ရှိခဲ့သည်။

သြဂုတ်လ တစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၇၂၁ ဒေါ်လာဝန်းကျင်နှင့် အမြင့်ဆုံး ၁၇၉၅ ဒေါ်လာရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်   အနိမ့်ဆုံး   ငွေကျပ် ၂၀၂၁၀၀၀  နှင့်  အမြင့်ဆုံး   ငွေကျပ် ၂၀၉၄၀၀၀ ဝန်းကျင်ရှိခဲ့သည်။

စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ

    စက်တင်ဘာ ၁ ရက်က ကမ္ဘာ့ရွှေဈေး နှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀၅ ဒေါ်လာနှင့် စက်တင်ဘာ ၃၀ ရက်က အမေရိကန်ဒေါ်လာ ၁၆၇၁ ဒေါ်လာ၊   ငွေလဲနှုန်းမှာ   စက်တင်ဘာလအတွင်း အမေရိကန်တစ်ဒေါ်လာလျှင်  ငွေကျပ် ၂၁၀၀ နှင့် ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် စက်တင်ဘာ  ၁  ရက်က  ငွေကျပ်  ၂၀၀၁၀၀၀ နှင့် စက်တင်ဘာ ၃၀ ရက်က ငွေကျပ် ၁၉၆၅၀၀၀ ရှိခဲ့သည်။

စက်တင်ဘာလ  တစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင်  အနိမ့်ဆုံး  အမေရိကန်ဒေါ်လာ  ၁၆၂၀  ဝန်းကျင်နှင့်   အမြင့်ဆုံး   ၁၇၁၈   ဒေါ်လာရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်   အနိမ့်ဆုံး   ငွေကျပ် ၁၉၁၄၀၀၀  နှင့်  အမြင့်ဆုံး  ငွေကျပ် ၂၀၀၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။

အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ

    အောက်တိုဘာ ၁ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၆၀ နှင့် အောက်တိုဘာ ၃၁ ရက်က  အမေရိကန်ဒေါ်လာ  ၁၆၄၂ ဒေါ်လာ၊ ငွေလဲနှုန်းမှာ အောက်တိုဘာလ အတွင်း  အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ဖြင့်ဆက်လက်ရှိနေပြီး ရန်ကုန်အခေါက်ရွှေတစ်ကျပ်သားလျှင် အောက်တိုဘာ  ၁  ရက်က  ငွေကျပ် ၁၉၅၄၀၀၀ နှင့် အောက်တိုဘာ ၃၁ ရက်က ငွေကျပ် ၁၉၃၄၀၀၀ ရှိခဲ့သည်။

အောက်တိုဘာလ တစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင်  အနိမ့်ဆုံး  အမေရိကန်ဒေါ်လာ  ၁၆၂၃ ဒေါ်လာဝန်းကျင်နှင့်  အမြင့်ဆုံး  ၁၇၁၁ ဒေါ်လာရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်    အနိမ့်ဆုံး   ငွေကျပ် ၁၉၃၇၀၀၀ နှင့်  အမြင့်ဆုံး   ငွေကျပ် ၂၄၇၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ

    နိုဝင်ဘာ  ၁  ရက်က  ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၃၈ ဒေါ်လာနှင့်  နိုဝင်ဘာ ၃၀ ရက်က  အမေရိကန်ဒေါ်လာ ၁၇၅၃ ဒေါ်လာ၊ ငွေလဲနှုန်းမှာ နိုဝင်ဘာလအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ဖြင့်ဆက်လက်ရှိနေပြီး ရန်ကုန်အခေါက်ရွှေ ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် နိုဝင်ဘာ ၁ က်က ငွေကျပ် ၁၉၂၉၀၀၀ နှင့် နိုဝင်ဘာ ၃၀ ရက်က ငွေကျပ် ၂၀၆၅၀၀၀ ရှိခဲ့သည်။

နိုဝင်ဘာလ  တစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၆၃၈ ဒေါ်လာဝန်းကျင်နှင့် အမြင့်ဆုံး ၁၇၈၃ ဒေါ်လာရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်   အနိမ့်ဆုံး ငွေကျပ် ၁၉၂၉၀၀၀  နှင့်  အမြင့်ဆုံး   ငွေကျပ် ၂၀၇၄၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ဒီဇင်ဘာ ၁ ရက်မှ ၂၃ ရက်အထိ

    ဒီဇင်ဘာ ၁ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၇၅ ဒေါ်လာနှင့် ဒီဇင်ဘာ ၂၃ ရက်က အမေရိကန်ဒေါ်လာ ၁၇၉၃ ဒေါ်လာ၊ ငွေလဲနှုန်းမှာ ဒီဇင်ဘာလအတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ နှင့် ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ဒီဇင်ဘာ ၁ ရက်က ငွေကျပ် ၂၀၉၁၀၀၀ နှင့်  ဒီဇင်ဘာ  ၂၃  ရက်က  ငွေကျပ် ၂၁၁၂၀၀၀ ရှိခဲ့သည်။

ဒီဇင်ဘာလ တစ်လတာအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၇၇၃ ဒေါ်လာဝန်းကျင်နှင့် အမြင့်ဆုံး အမေရိကန်ဒေါ်လာ  ၁၈၀၉ ဒေါ်လာရှိခဲ့သည်။

ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာ  တစ်ကျပ်သားလျှင်   အနိမ့်ဆုံး   ငွေကျပ် ၂၀၈၈၀၀၀  နှင့်  အမြင့်ဆုံး   ငွေကျပ် ၂၁၃၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။    

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းနှင့်အတူ   မြန်မာ့ရွှေဈေးနှုန်းစံချိန်တင် မြင့်တက်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲကြီးမားစွာမရှိပါက မြန်မာ့ ရွှေဈေးနှုန်း အပြောင်းအလဲများစွာ မရှိနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

နဒီ