ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက်အာခါမိုဟာ ဆီနာပါတိုင်းတဲ့ချို ဟွန်ဆင်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက်အာခါမိုဟာ ဆီနာပါတိုင်းတဲ့ချို ဟွန်ဆင်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင်အဆွေတော်နှင့် မြန်မာနိုင်ငံပြည်သူများထံသို့ မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ဆုမွန်ကောင်းများ ပို့သအပ်ပါသည်၊၊

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံလျက် လွန်ခဲ့သည့်နှစ်များအတွင်း နီးကပ်သော နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ထားရှိနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်မှတ်သားရပါသည်၊၊ မိမိတို့ နှစ်နိုင်ငံနှင့် အာဆီယံအသိုက်အဝန်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက် သွားရန် မိမိအနေဖြင့် အဆွေတော်နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါသည်၊၊

အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ထပ်လောင်းပြောကြားလျက် အဆွေတော် ကျန်းမာပါစေကြောင်းနှင့် မြန်မာပြည်သူများ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိပြီး ကျန်းမာရွှင်လန်းပါစေ ကြောင်း  ဆုမွန်ကောင်းများ တောင်းအပ်ပါသည်၊၊