နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်းထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာနိုင်ငံ ပြည်သူများထံသို့ ဂုဏ်ယူဝမ်းမြောက်စကားနှင့် ဆုမွန်ကောင်းများ ပို့သခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါသည်၊၊

ဒေသတွင်းနှင့် နိုင်ငံတကာ၌ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်တို့အတွက် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု များ အထူးသဖြင့် အာဆီယံမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်အတွက် အဆွေတော်နှင့် နီးကပ်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊၊

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်၊၊