နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အမျိုးသားရုံးပိတ်ရက် အခါသမယတွင် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။

အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေသည့် နယ်ပယ်များတွင် ဘယ်လာရုစ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်းရေးအတွက် သိသာထင်ရှားသည့် အလားအလာများကို မှတ်သားမိပါသည်။

မိမိတို့နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့် ကုန်သွယ်-စီးပွားရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို အရှိန်မြှင့်တင်ရေး စနစ်တကျလုပ်ဆောင်မှုများသည် စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးတွဲလုပ်ငန်းစဉ်များ သတ်မှတ်ရန်နှင့် လက်တွေ့ အကောင်အထည်ဖော်ရန်တို့ကို ဦးတည်ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ပါသည်။

အခါအခွင့်ကြုံခိုက် အဆွေတော်ကျန်းမာပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် အဆွေတော်အား အစဉ်ချစ်ကြည် လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။