ပြည်ပသို့ ယခုဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း ပျားရည်မက်ထရစ်တန်ချိန် ၁၀၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၅ သန်းကျော် ရရှိထား

ပြည်ပသို့ ယခုဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း ပျားရည်မက်ထရစ်တန်ချိန် ၁၀၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၅ သန်းကျော် ရရှိထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ကိုးလတာ ကာလအတွင်း  ပြည်ပသို့  ပျားရည် မက်ထရစ်တန်ချိန်   ၁၀၀၀  ကျော်တင်ပို့ မှုမှ  အမေရိကန်ဒေါ်လာ  ၁  ဒသမ  ၈၂၅ သန်းကျော် ရရှိထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန   ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ   ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောပြချက် အရ သိရသည်။

ပြည်ပနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ)နှင့်   စင်ကာပူနိုင်ငံတို့သို့   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ကိုးလတာကာလအတွင်း ပျားရည်မက်ထရစ် တန်ချိန် ၁၂၁၇ ဒသမ ၁၈ တန်  တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၅ သန်း ကျော်ရရှိခဲ့သည်။

ပုဂ္ဂလိကကဏ္ဍမှ  ပြည်ပသို့ ပျားရည် တင်ပို့မှုအနေဖြင့်    ပုံမှန်ကုန်သွယ်ရေးမှ ၁၂၀၃ ဒသမ ၈၄ တန်နှင့် နယ်စပ်ကုန် သွယ်ရေးမှ ၁၃ ဒသမ ၃၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၅ သန်းကျော် ရရှိခဲ့သည်။

]]၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း   ပျားရည် မက်ထရစ်တန်ချိန် ၁၂၁၇  ဒသမ  ၁၈  တန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၅ သန်း ကျော်  ရရှိထားတယ်။ တောင်ကိုရီးယား၊   ဂျပန်၊  အမေရိကန်၊ တရုတ်(တိုင်ပေ)နဲ့ စင်ကာပူနိုင်ငံတွေကို တင်ပို့ပြီး ဂျပန်နိုင်ငံ ကို အများဆုံး တင်ပို့ထားတယ်”ဟု ၎င်းက ပြောသည်။

ပျားရည်တင်ပို့မှု အနေဖြင့် ဂျပန်နိုင်ငံသို့ ပျားရည် မက်ထရစ်တန်ချိန် ၉၁၈ ဒသမ ၄၈ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃၇၇၇၂၀၊     တောင်ကိုရီးယားနိုင်ငံသို့ ပျားရည်မက်ထရစ် တန်ချိန် ၄၂ ဒသမ ၇၈ တန်   တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၆၄၁၇၀၊  အမေရိကန်နိုင်ငံသို့  ပျားရည် မက်ထရစ်တန်ချိန် ၄၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၀၀၀၀၊  စင်ကာပူနိုင်ငံသို့  ပျားရည်မက်ထရစ် တန်ချိန်  ၁၈၂ ဒသမ ၄၈  တန်တင်ပို့မှုမှ  အမေရိကန် ဒေါ်လာ ၂၇၃၇၂၀ နှင့် တရုတ်(တိုင်ပေ) သို့ ပျားရည်မက်ထရစ်တန်ချိန် ၃၃ ဒသမ ၄၄ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀၁၆၀ ရရှိခဲ့သည်။

ပျားရည်ထုတ်လုပ်မှု အနေဖြင့်   နှမ်းပျားရည်၊  ဆီးပျားရည်၊  ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊  လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိရာ လက်ရှိတွင် နှမ်းပျား ရည်ထုတ်လုပ်နေသည့် အချိန်ဖြစ်ကြောင်း သိရသည်။