မောက်မယ်မြို့နယ်၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေး စုံညီပွဲတော်ကျင်းပ

မောက်မယ်မြို့နယ်၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေး စုံညီပွဲတော်ကျင်းပ

    ရှမ်းပြည်နယ်(တောင်ပိုင်း)  လင်းခေး ခရိုင် မောက်မယ်မြို့နယ် ဈေးတန်းရပ်ကွက် အခြေခံပညာ  အလယ်တန်းကျောင်းခွဲ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်  အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်တွင် မြို့နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေး ဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူ များက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့်  သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး  အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက် နိုင်က    အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က    ပညာရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

ဆက်လက်၍    ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများ အကြောင်းနှင့် ပတ်သက်၍  ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် အခြေခံပညာအလယ်တန်း ကျောင်းခွဲ  ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက ဘက်စုံထူးချွန်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားတို့က   ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ကျောင်း   ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာ ထူးချွန်ရေးတို့အတွက် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက်   ကာယဉာဏ ထူးချွန်ဆုရရှိ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆိုဖျော်ဖြေ ကပြခဲ့ကြောင်း သိရသည်။