တရုတ်နိုင်ငံက ဂြိုဟ်တု ၁၄ စင်းကို ဒုံးပျံတစ်စင်းတည်းဖြင့် အောင်မြင်စွာ လွှတ်တင်
တရုတ်နိုင်ငံက ဇန်နဝါရီ ၁၅ ရက်တွင် ဂြိုဟ်တု ၁၄ စင်းကို ဒုံးပျံတစ်စင်းတည်းဖြင့် အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း သိရသည်။
ယခုလွှတ်တင်မှုအတွက် အသုံးပြုသော ဒုံးပျံမှာ Long March-2D ဒုံးပျံဖြစ်ပြီး ရှန်းရှီးပြည်နယ်ရှိ တိုင်ယွမ်ဂြိုဟ်တုလွှတ်တင် ရေးဌာနမှ ဒေသစံတော်ချိန် ၁၁ နာရီ ၁၄ မိနစ်တွင် လွှတ်တင်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် Qilu-2 နှင့် Qilu-3 တို့ အပါအဝင် ဂြိုဟ်တု ၁၄ စင်းသည် သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားသည်။
Qilu-2 နှင့် Qilu-3 တို့သည် ကမ္ဘာ မြေလေ့လာရေး အတွက် ခေတ်အမီဆုံး ဂြိုဟ်တုများဖြစ်ပြီး မြေပြင်တိုင်းတာရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာဝပတ်ဝန်း ကျင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ် လျှော့ချရေးတို့အတွက် အထောက်အပံ့ပြုမည်ဖြစ်သည်။
ယခုအကြိမ်လွှတ်တင်မှုသည် Long March အမျိုးအစား ဒုံးကျည်များ အသုံးပြု လွှတ်တင်မှု ၄၆၂ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။