ပွင့်လင်းရာသီတွင် မြန်မာ့လက်မှုထည် မြေအိုးနှင့်သဲအိုးများ ရောင်းအားကောင်းမွန်လာ

ပွင့်လင်းရာသီတွင် မြန်မာ့လက်မှုထည် မြေအိုးနှင့်သဲအိုးများ ရောင်းအားကောင်းမွန်လာ

ပွင့်လင်းရာသီတွင် မြန်မာ့လက်မှုထည် မြေအိုးနှင့်သဲအိုးများ ရောင်းအား ကောင်းမွန်လာကြောင်း   ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှ မြေအိုးသဲအိုးရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

“လက်ရှိ    ရောင်းအားကောင်းနေပါတယ်။ မိုးရာသီတုန်းကတော့ မရောင်းရဘူး။ သီတင်းကျွတ်ကာလလောက်ကတည်းက ရောင်းအားကောင်းလာပါတယ်”ဟု မြေအိုးသဲအိုးရောင်းချသူ တစ်ဦးကပြောသည်။

လက်ရှိတွင် မြေအိုးနှင့် သဲအိုးများကို တစ်နိုင်တစ်ပိုင်   လှည့်လည်ရောင်းချသူ တစ်ဦးလျှင် တစ်ရက် သဲအိုးအလုံးရေ ၂၀ ခန့်နှင့် မြေအိုး ၁၀ လုံးခန့် နေ့စဉ် ရောင်းချရကြောင်း သိရသည်။

မြေသောက်ရေအိုး တစ်လုံးလျှင် ငွေကျပ် ၃၀၀၀  ရှိပြီး   သဲသောက်ရေအိုးတစ်လုံးလျှင် ငွေကျပ် ၆၀၀၀ ရှိကြောင်း၊ လက်မှုထည် မြေအိုးနှင့်သဲအိုးများကို ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်ရှိ ကျေးရွာတချို့၌ ထုတ်လုပ်ရောင်းချသည့်အပြင် တွံတေးမြို့နယ်၌လည်း အိုးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယင်းအိုးလုပ်ငန်းများမှ မြေအိုးနှင့်သဲအိုး အရွယ်အစားမျိုးစုံ ထုတ်လုပ်ကာ ရန်ကုန်မြို့အပြင် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့   တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။