ဈေးကွက်အတွင်း လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး အရောင်းသွက်နေ

ဈေးကွက်အတွင်း လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး အရောင်းသွက်နေ

ကယားပြည်နယ်အတွင်းရှိ  ဘောလခဲနှင့်  ဖရူဆိုမြို့နယ်ရှိ  ကျေးရွာတို့တွင် စိုက်ပျိုးထားသော လိမ္မော်သီးများ လှိုင်လှိုင် ဝင်ရောက်လျက်ရှိပြီး   အရောင်းသွက်နေကြောင်း   လိမ္မော်သီး စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်းရောင်းချသော လိမ္မော်သီးများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း)ပင်လောင်း၊   အောင်ပန်း၊ နောင်တရားနှင့် ကလော စသည့်ဒေသတို့မှ ထွက်ရှိသော လိမ္မော်သီးများဖြစ်ကြပြီး လိမ္မော်သီးအလုံး အသေးတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၊ အလတ်တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၊ အကြီးတစ်ပိဿာလျှင် ငွေကျပ်၂၃၀၀ ဖြင့် ဈေးနှုန်းပေါက်လျက်ရှိရာ ယခင်လဒီဇင်ဘာလတွင် အသေး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၊ အလတ်တစ်ပိဿာလျှင် ငွေကျပ်၂၀၀၀၊ အကြီး တစ်ပိဿာလျှင်  ငွေကျပ် ၂၅၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

 ဈေးကွက်အတွင်း၌ လိမ္မော်သီးများ လှိုင်လှိုင် ဝင်ရောက်လာသော်လည်း ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းသွားခြင်းမရှိဘဲ အနည်းငယ်သာ ကွာဟပြီး အရောင်းသွက်လျက် ရှိကြောင်း သိရသည်။