ဥရောပ၏စွမ်းအင်ဈေးကွက် ဆက်လက်ကျပ်တည်းနေမည်ဟုဆို

ဥရောပ၏စွမ်းအင်ဈေးကွက် ဆက်လက်ကျပ်တည်းနေမည်ဟုဆို

သဘာဝဓာတ်ငွေ့ရောင်းလိုအားပြဿနာများ ဆက်လက်တည်ရှိနေမည်ဖြစ်သောကြောင့် ယခုနှစ်တွင်လည်း ဥရောပ၏စွမ်းအင်ဈေးကွက်မှာ ဆက်လက်ကျပ်တည်းနေမည်ဖြစ်ကြောင်း   TotalEnergies ကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် ပက်ထရစ်ကပြောသည်။

လက်ရှိတွင် ဥရောပရှိသဘာဝဓာတ်ငွေ့သိုလှောင်ကန်များ၌ ဓာတ်ငွေ့များအပြည့်ဖြစ်နေပြီဖြစ်သောကြောင့် ဥရောပအနေဖြင့် သဘာဝဓာတ်ငွေ့အရည်ပမာဏအနည်းငယ်သာ ဖြည့်တင်းရမည်ဖြစ်သော်လည်း ယခုနှစ်အတွင်း ရုရှားထံမှဓာတ်ငွေ့များ အနည်းအကျဉ်းသာ ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယမန်နှစ်အတွင်း နှစ်ဝက်အထိသည် ရုရှားနိုင်ငံမှဓာတ်ငွေ့များကို အလျှံပယ်ရရှိခဲ့သောကြောင့် ဓာတ်ငွေ့သိုလှောင်ကန်များကို ပြည့်သွားစေခြင်းဖြစ်သော်လည်း ယခုနှစ်တွင်မူ ဓာတ်ငွေ့ရရှိနိုင်မှု အခက်အခဲကြောင့် လက်ရှိစွမ်းအင် ဈေးနှုန်းကျဆင်းမှုသည် ရေရှည်မဖြစ်နိုင်ကြောင်း ၎င်းကသတိပေးထားသည်။

ယခုကဲ့သို့ စွမ်းအင်ဈေးကွက်အတွင်းကျပ်တည်းမှုသည် ၂၀၂၅-၂၀၂၆ ခုနှစ်အထိရောက်ရှိနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် အမေရိကန်နှင့်ကာတာနိုင်ငံတို့၌ လုပ်ဆောင်နေသော စီမံကိန်းများက နှစ်အနည်းငယ်အကြာမှသာ အသက်ဝင်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ်ပက်ထရစ်က ဆက်ပြောသည်။

ထို့ပြင် သဘာဝဓာတ်ငွေ့ဈေးကွက်အကျပ်အတည်းဖြစ်ပေါ်မှုနှင့် သဘာဝဓာတ်ငွေ့ကိုအဓိကအသုံးပြုသော တရုတ် နိုင်ငံက စီးပွားရေးလုပ်ငန်းများကိုပြန်လည်ဖွင့်လှစ်မှုတို့က အဆိုပါစွမ်းအင်ဝယ်လိုအားကို ပိုမိုမြင့်တက်စေမည်ဖြစ်ကြောင်း သိရသည်။                     

  Ref:RT