၂၀၂၂ ဂါးဒီးယန်းတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် မက်ဆီသတ်မှတ်ခံရပြီး စီရော်နယ်ဒိုအနေဖြင့် အဆင့်(၅၁) နေရာ၌သာရပ်တည်ခဲ့

၂၀၂၂ ဂါးဒီးယန်းတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် မက်ဆီသတ်မှတ်ခံရပြီး စီရော်နယ်ဒိုအနေဖြင့် အဆင့်(၅၁) နေရာ၌သာရပ်တည်ခဲ့

နာမည်ကြီး ဂါးဒီးယန်းသတင်းစာက ရွေးချယ်ခဲ့ သည့်  ၂၀၂၂ ဂါးဒီးယန်းတစ်နှစ်တာအကောင်းဆုံး ကစားသမား ၁၀၀ စာရင်းတွင် မက်ဆီက ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ပြီး    စီရော်နယ်ဒိုအနေဖြင့်  အဆင့် (၅၁)နေရာ၌သာ ရပ်တည်ခဲ့ကြောင်း သိရသည်။

ဂါးဒီးယန်းသတင်းစာက   နှစ်စဉ်အကောင်းဆုံး ကစားသမားဦးရေ ၁၀၀ စာရင်းကို ထုတ်ပြန်လေ့ရှိ ပြီး  မက်ဆီသည်  ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းနှင့်အတူ   အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ သည့်အတွက်  ဂါးဒီးယန်းတစ်နှစ်တာအကောင်းဆုံး  ကစားသမားဦးရေ ၁၀၀ စာရင်း၌ထိပ်ဆုံးမှရပ်တည် နိုင်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒိုအနေဖြင့် အဆင့်(၅၁) နေရာ၌သာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂   ဂါးဒီးယန်းတစ်နှစ်တာအကောင်းဆုံး ကစားသမားဦးရေ ၁၀၀ မှ ထိပ်ဆုံး ၁၀ ဦးစာရင်း၌ ရီးယဲလ်မက်ဒရစ်အသင်းမှ အများဆုံးအဖြစ် ကစား သမားလေးဦးအထိပါဝင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် မန်စီးတီးအသင်းတို့မှ နှစ်ဦးစီနှင့် လီဗာပူးအသင်း နှင့်   ဘာစီလိုနာအသင်းမှ   တစ်ဦးစီပါဝင်လာခဲ့သည်။

၂၀၂၂   ဂါးဒီးယန်းတစ်နှစ်တာအကောင်းဆုံးကစားသမားဦးရေ ၁၀၀ စာရင်းမှ ထိပ်ဆုံး ၁၀ ဦး စာရင်းတွင် မက်ဆီ၏နောက်တွင် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီက အဆင့်(၂)၊ ရီးယဲလ်မက်ဒရစ်အသင်း မှ  ဘင်ဇီမာက အဆင့်(၃)၊  မန်စီးတီးအသင်းမှ ဟာလန်းက အဆင့်(၄)၊ ရီးယဲလ်မက်ဒရစ်အသင်းမှ မိုဒရစ်က အဆင့်(၅)၊ မန်စီးတီးအသင်းမှ ဒီဘရိုင်းက အဆင့် (၆)၊ ဘာစီလိုနာအသင်းမှ လီဝန်ဒေါစကီးက အဆင့် (၇)၊ ရီးယဲလ်မက်ဒရစ်အသင်းမှ  ဗင်နီစီး ယက်စ်က အဆင့်(၈)၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ဂိုးသမား ကော့တွိုက်စ်က အဆင့်(၉)နှင့် လီဗာပူး အသင်းမှ   ဆာလက်ချ်က   အဆင့်(၁၀)နေရာ၌ အသီးသီးရပ်တည်ခဲ့ကြပြီး   စီရော်နယ်ဒိုအနေဖြင့် အဆင့်(၅၁)နေရာ၌သာရပ်တည်ခဲ့ကြောင်း    သိရ သည်။                              

Ref;IFFHS