IFFHS 2022 အာဖရိကနေရာလိုက် တစ်နှစ်တာအကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် မော်ရိုကိုအသင်းမှ ကစားသမားငါးဦးအထိပါဝင်

IFFHS 2022 အာဖရိကနေရာလိုက် တစ်နှစ်တာအကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် မော်ရိုကိုအသင်းမှ ကစားသမားငါးဦးအထိပါဝင်

နိုင်ငံတကာဘောလုံးသမိုင်းနှင့်      အချက်အလက် အဖွဲ့အစည်း  (International   Federation   of Football History & Statistics(IFFHS)) က ရွေးချယ်ခဲ့သည့် ၂၀၂၂ အာဖရိကနေရာလိုက် တစ်နှစ် တာအကောင်းဆုံးကစားသမား    ၁၁ ဦးစာရင်းတွင် မော်ရိုကိုအသင်းမှ  အများဆုံးအဖြစ်  ကစားသမား ငါးဦးအထိပါဝင်ခဲ့ကြကြောင်း သိရသည်။

ှုၤၤံှ  ၂၀၂၂ အာဖရိကနေရာလိုက်တစ်နှစ်တာ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ၄-၃-၃ ပုံစံဖြင့်ရွေးချယ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုအသင်းက    အာဖရိကသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်  ဆီမီးဖိုင်နယ်အဆင့်  တက် ရောက်ခဲ့သည့်အတွက် ကစားသမားအများစုပါဝင်လာ ခဲ့ကြခြင်းဖြစ်သည်။

ှုၤၤံှ  ၂၀၂၂ အာဖရိကနေရာလိုက်တစ်နှစ်တာ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းမှ ဂိုးသမား နေရာတွင် မော်ရိုကိုအသင်းမှ ဘိုနို၊ ခံစစ်ကစားသမား နေရာ၌  မော်ရိုကိုအသင်းမှ  ဟာကီမီ၊ ဆက်ချ်၊ တူနီးရှားအသင်းမှ  မယ်လ်လော၊ ဆီနီဂေါအသင်းမှ ကူလီဘာလေ၊ ကွင်းလယ်ကစားသမားနေရာ၌  မော်ရိုကို အသင်းမှ အမ်ရာဘက်ချ်၊  အိုနူဟီနှင့်  ဂါနာအသင်းမှ   ကူဒက်ချ်၊   တိုက်စစ်ကစားသမားနေရာ၌    ဆီနီဂေါ အသင်းမှ မာနေး၊ ကင်မရွန်းအသင်းမှ အဘူကာကာ၊ အီဂျစ်အသင်းမှ   ဆာလက်ချ်တို့ပါဝင်ခဲ့ကြကြောင်း သိရသည်။     

Ref:One Football