စီရော်နယ်ဒိုနှုတ်ဆက်ပွဲအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အယ်နာဆာအသင်းတို့ကစားရန် ရီးယဲလ်မက်ဒရစ် အသင်းကမ်းလှမ်း

စီရော်နယ်ဒိုနှုတ်ဆက်ပွဲအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အယ်နာဆာအသင်းတို့ကစားရန် ရီးယဲလ်မက်ဒရစ် အသင်းကမ်းလှမ်း

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ၎င်းတို့အသင်းကစားသမားဟောင်း  လက်ရှိအယ်နာဆာ အသင်းကစားသမား စီရော်နယ်ဒို နှုတ်ဆက်ပွဲအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနှင့်  အယ်နာဆာအသင်းတို့ ခြေစမ်းပွဲကစားရန်  ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ် စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းတွင်  ၂၀၀၉ ခုနှစ်မှ  ၂၀၁၉ ခုနှစ်အထိကစားခဲ့ပြီး အသင်းနှင့်ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သည့်အပြင်  ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ အသင်းလိုက်အောင်မြင်မှုနှင့် တစ်ဦးချင်းအောင်မြင်မှုများကိုလည်း  ရီးယဲလ်မက်ဒရစ်အသင်း

တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာကစားပြီးနောက် အသင်း နှင့်ပြိုင်ပွဲစုံ ၄၃၈ ပွဲကစားပြီး  သွင်းဂိုး ၄၅၀ အထိ သွင်းယူနိုင်ကာ   လက်ရှိ   ရီးယဲလ်မက်ဒရစ်အသင်းသမိုင်း တစ်လျှောက်တွင်လည်း    သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

စီရော်နယ်ဒိုသည်  ပြီးခဲ့သည့်  ဒီဇင်ဘာလက မန်ယူအသင်းနှင့်စာချုပ်ဖျက်သိမ်းပြီးနောက် ရီးယဲလ် မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့ဖူးပြီး အသင်းနှင့်ပူးပေါင်းကာ သီးသန့်လေ့ကျင့်ခန်း များပင်ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် အယ်နာဆာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒို  အယ်နာဆာအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက်     ဆော်ဒီညွန့်ပေါင်းအသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့ ခြေစမ်းပွဲကစားပြီး ကမ္ဘာတစ်ဝန်းမှ   ပရိသတ်များအား   ဆွဲဆောင်နိုင်ခဲ့သည့်အတွက် ယခုအခါတွင်လည်း ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က   စီရော်နယ်ဒိုနှုတ်ဆက်ပွဲအဖြစ် ရီးယဲလ် မက်ဒရစ်အသင်းနှင့် အယ်နာဆာအသင်းတို့ ခြေစမ်း ပွဲကစားရန်စီစဉ်နေကြောင်း သိရသည်။

Ref:Marca