အီတလီစီးရီးအေပြိုင်ပွဲတစ်လျှောက် ဘောလုံးရာသီဝက်ကာလအပြီးတွင် ရမှတ် ၅၀ နှင့်အထက်ရရှိသည့် တတိယမြောက်အသင်းအဖြစ် နာပိုလီအသင်းမှတ်တမ်းဝင်

အီတလီစီးရီးအေပြိုင်ပွဲတစ်လျှောက် ဘောလုံးရာသီဝက်ကာလအပြီးတွင် ရမှတ် ၅၀ နှင့်အထက်ရရှိသည့် တတိယမြောက်အသင်းအဖြစ် နာပိုလီအသင်းမှတ်တမ်းဝင်

အီတလီစီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ဘောလုံးရာသီဝက်ကာလအပြီးတွင် ရမှတ် ၅၀ နှင့်အထက်ရရှိသည့် တတိယမြောက်အသင်းအဖြစ် နာပိုလီအသင်းက ယခုရာသီတွင် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

နာပိုလီအသင်းသည်    ယခုဘောလုံးရာသီတွင် ရလဒ်ကောင်းများဆက်တိုက်ရရှိနေပြီး  အီတလီစီးရီး အေပြိုင်ပွဲ ရာသီဝက်ပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၁၉)အပြီး တွင်  ၁၆  ပွဲအနိုင်ရရှိပြီး   နှစ်ပွဲသရေနှင့်  တစ်ပွဲရှုံးရလဒ်ပိုင်ဆိုင်ခဲ့ကာ ရမှတ် ၅၀ ရရှိခဲ့ခြင်းဖြစ်သည်။

အီတလီစီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ရာသီ ဝက်ကာလပြီးဆုံးချိန်တွင်  ရမှတ် ၅၀ နှင့်အထက်ရရှိ သည့်အသင်းများအဖြစ် ဂျူဗင်တပ်စ်အသင်းက ၂၀၁၃-၂၀၁၄  ဘောလုံးရာသီတွင်  ရမှတ် ၅၂  မှတ်၊  ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတွင် ရမှတ် ၅၃ မှတ်၊  အင်တာမီလန်အသင်းက ၂၀၀၆-၂၀၀၇ ဘောလုံးရာသီတွင် ရမှတ်  ၅၁  မှတ်ဖြင့်အသီးသီးရရှိခဲ့ကြပြီး   အဆိုပါအသင်းများအနေဖြင့် ရာသီပြီးဆုံးချိန်တွင် ချန်ပီယံဆုများ  အသီးသီးဆွတ်ခူးနိုင်ခဲ့ကာ  ယခုအခါတွင်လည်း နာပိုလီအသင်းက   ရာသီဝက်ကာလတွင်   ရမှတ်   ၅၀  ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

နာပိုလီအသင်းသည် ယခုဘောလုံးရာသီ ရာသီဝက်ကာလအပြီးတွင် အမှတ်ပေးဇယားအဆင့် (၂)နှင့် (၃)နေရာမှ   လာဇီယို အသင်းနှင့်  အင်တာမီလန်အသင်းတို့ကို  ရမှတ် ၁၀ မှတ်အထိ  ဖြတ်တောက်ထားပြီး ချန်ပီယံဆုအတွက် ရေပန်းစားလျက်ရှိကြောင်း  သိရသည်။                   

Ref;Transfer Market