၂၀၂၃ ဆီးဂိမ်းကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ်သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၃ ဆီးဂိမ်းကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ်သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်

ကမ္ဘောဒီးယားနိုင်ငံက မေ ၇ ရက်မှ ၁၅ ရက်အထိ အိမ်ရှင်အဖြစ်  ကျင်းပမည့် အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကြက်တောင်ပြိုင်ပွဲတွင် မြန်မာ ကြက်တောင်မယ်     သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ သိရသည်။

ကမ္ဘောဒီးယားဆီးဂိမ်းအတွက် ကစား သမားရွေးချယ်ပွဲက တစ်ဦးချင်းသီးသန့်/နှစ်ယောက်တွဲမှာ ပထမရရှိတဲ့ကစားသမားတွေကိုသာ ရွေးချယ်တာဖြစ်ပါတယ်။ ဒါ့ပြင် ၂၀၁၃ ခုနှစ်နောက်ပိုင်း  နိုင်ငံ့ကိုယ်စားပြု 

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွေမှာ    ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့    ကစားသမားတွေ၊   ၂၀၁၉   ခုနှစ်   အမျိုးသား တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ အကြီးတန်းပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲအထိ တက်ရောက် ခဲ့တဲ့ ဆုရကစားသမားတွေနဲ့ ၂၀၂၂ ခုနှစ် အမျိုးသားတံခွန်စိုက်ကြက်တောင်ပြိုင်ပွဲသာမန်တန်းမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားကစားသမားတွေကို ရွေးချယ်ခဲ့တာပါဟု  မြန်မာနိုင်ငံ  ကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်သူကပြောသည်။

မြန်မာနိုင်ငံ   ကြက်တောင်အဖွဲ့ချုပ်မှ   အမျိုးသားတစ်ဦးချင်းတွင်    ဟိန်းထွဋ်၊ နှစ်ယောက်တွဲတွင်    အောင်မျိုးထူးနှင့် အာကာဖုန်းမြတ်၊  အမျိုးသမီးတစ်ဦးချင်းတွင်  သက်ထားသူဇာ၊   အမျိုးသမီး နှစ်ယောက်တွဲတွင်  တွယ်တာဦးနှင့်  ဇွန်မျိုးသက်တို့ကို ရွေးချယ်ခဲ့ကြသည်။

ယင်းပြိုင်ပွဲသို့  လာအို၊  ဘရူနိုင်း၊ အရှေ့တီမော၊  မြန်မာနှင့်  အိမ်ရှင်ကမ္ဘောဒီးယားအသင်းတို့  ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကမ္ဘောဒီးယားဆီးဂိမ်းတွင်  အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊  အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊   အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲ၊  အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ