စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ

စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ

စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် အတွက် မဲခွဲမှုအပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့   ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။

စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ    ကွာတားဖိုင်နယ် အဆင့်တွင် ဘာစီလိုနာအသင်းက ဆိုစီဒက်စ်အသင်း ကို  ၁ ဂိုး - ဂိုးမရှိ၊    ရီးယဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုအသင်းကို ၃ ဂိုး - ၁ ဂိုး၊ ဘီလ်ဘာအိုအသင်းက  ဗလင်စီယာအသင်းကို  ၃  ဂိုး -  ၁ ဂိုး၊ အိုဆာဆူနာအသင်းက  ဆီဗီလာအသင်းကို ၂  ဂိုး -  ၁  ဂိုးဖြင့်   အသီးသီးအနိုင်ရရှိပြီးနောက် ဆီမီးဖိုင်နယ်အဆင့်သို့    တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် အတွက် မဲခွဲမှုအပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်း၊ အိုဆာဆူနာအသင်းနှင့် ဘီလ်ဘာ အိုအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဆီမီးဖိုင်နယ် အဆင့်  ပထမအကျော့ပွဲစဉ်များကို  ဖေဖော်ဝါရီ  ၂၈ ရက်တွင်လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို ဧပြီ  ၄  ရက်တွင်လည်းကောင်း   အသီးသီးယှဉ်ပြိုင်ကစားမည်ဖြစ်ကာ   ဗိုလ်လုပွဲကို   မေ   ၇   ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင် ဘာစီလိုနာ အသင်းက  ချန်ပီယံဆု  ၂၆  ကြိမ်  ဆွတ်ခူးထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ်     ရပ်တည်နေကာ ရီးယဲလ်မက်ဒရစ်အသင်းက   ချန်ပီယံဆု  ၁၉  ကြိမ် ဆွတ်ခူးထားကြောင်း သိရသည်။ 

Ref;Marca