အမေရိကန်နှင့်တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို နောက်တစ်ဆင့်တိုးမြှင့်ရန်သဘောတူ

အမေရိကန်နှင့်တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို နောက်တစ်ဆင့်တိုးမြှင့်ရန်သဘောတူ

အမေရိကန်နှင့်တောင်ကိုရီးယားစစ်ဘက်တို့က   ယခုနှစ်အတွင်းလုပ်ဆောင်မည့် နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို နောက်တစ်ဆင့်သို့ တိုးမြှင့်ရန်သဘောတူကြောင်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ   နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများသည် လုံခြုံရေးနယ်ပယ် အတွင်းပြောင်းလဲမှုများတွင် ပါဝင်ရန် လိုအပ်ကြောင်းကိုလည်း  သဘောတူကြောင်း  ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။

ထို့ပြင်    နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများက   ကိုရီးယားကျွန်းဆွယ်၌ အမေရိကန်၏ မဟာဗျူဟာမြောက် လက်နက်များကို ဖြန့်ကြက်ချထားမှုနှင့်ပတ်သက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုထားသည်။

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့်နှစ်အတွင်း  အမေရိကန်နိုင်ငံသို့ပင် ရောက်ရှိနိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်များ အပါအဝင် ဒုံးကျည်အစင်းပေါင်းများစွာကို  စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ထားသည်။

ထိုသို့လုပ်ဆောင်ခြင်းက အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့်   အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရန်စကျူးကျော်ရန်ပြင်ဆင်မှုအဖြစ်    မြောက်ကိုရီးယားက ရှုမြင်ထားကြောင်း ထုတ်ပြန်ထားသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့်   တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး လီဂျုံဆပ်တို့က ယခုနှစ်အတွက်    ၎င်းတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၃၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံဆိုးမြို့၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါနှစ်နိုင်ငံအနေဖြင့်   ယခုနှစ်အတွင်း နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု နှစ်(၇၀)ပြည့် အခမ်းအနားကို ကျင်းပသွားရန်လည်း   ရည်ရွယ်ထားကြောင်း  သိရသည်။

Ref:Sputnik