တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်

တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ -

     မြန်မာတို့၏ (၁၂)လရာသီပွဲတော်များ အနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ ထွက်ရှိပြီး ဖူလုံစေသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက် စုပေါင်းဆောင်ရွက် ရသည့် စည်းလုံးညီညွတ်မှု စွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ ထို့အတူ တိုင်းစစ်ဌာနချုပ် အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။

   ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်နှင့် ယနေ့တို့တွင် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မဟာသန္တရံသီတော်မြတ်ကြီး၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ ပုသိမ်တပ်နယ် အားကစားကွင်း၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အားကစားကွင်း၌ လည်းကောင်း အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အလိုက် ပြိုင်ပွဲဝင်အသင်းများက မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။

    အဆိုပါ ထမနဲထိုးပြိုင်ပွဲများသို့ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများ အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။