ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲများ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲများ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ -

        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲတို့ကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တို့၌ အသီးသီး ပြုလုပ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ (၂)နှစ်ပြည့် အုပ်ချုပ်မှုကို ထောက်ခံပါသည်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ကြိုဆိုပါသည်၊ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး ဒို့အရေး၊ NUG ၊ CRPH ၊ PDF အကြမ်းဖက်သမားများ အလိုမရှိ၊ ပြည်တွင်း၊ ပြည်ပ အဖျက်သမား မှန်သမျှ ဆန့်ကျင်ကြ၊ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ကာကွယ်ကြ၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဒို့အရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် တပ်မတော်အား ထောက်ခံပါသည်၊ အကြမ်းဖက် PDF အလိုမရှိ၊ NUG ၊ CRPH အကြမ်းဖက်သမားများ အလိုမရှိ၊ NUG ၊ PDF ပြည်သူအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်” စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်၍ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။