ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၂ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း   ၁၃   ရက် ( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂   ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၂ / ၂၀၂၃

၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း   ၁၃   ရက်

( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂   ရက်)

၁။           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law)  အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက် သည်-

              (က)        ဂန့်ဂေါမြို့နယ်

              ( ခ)         ထီးလင်းမြို့နယ်

              ( ဂ)         ဆောမြို့နယ်

              (ဃ)        ပေါက်မြို့နယ်

              ( င)         မြိုင်မြို့နယ်

၂။        တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန် လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။

                                                           အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ