၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အပြောင်းအရွှေ့ကာလ ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုသည့်စာရင်းတွင် ချယ်လ်ဆီးအသင်း ထိပ်ဆုံး၌ရပ်တည်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အပြောင်းအရွှေ့ကာလ ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုသည့်စာရင်းတွင် ချယ်လ်ဆီးအသင်း ထိပ်ဆုံး၌ရပ်တည်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဥရောပထိပ်တန်း လိဂ်ငါးခုတွင် ပြောင်းရွှေ့ကြေးအများဆုံးအသုံးပြု သည့်အသင်းများစာရင်းတွင် ချယ်လ်ဆီးအသင်းက ထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် စပိန်လာလီဂါမှ တစ်သင်းသာပါဝင်ခဲ့ပြီး ကျန်ကိုးသင်းမှာ ပရီးမီးယားလိဂ်မှ ကလပ်အသင်းများဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလက   အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက်  အပြောင်းအရွှေ့ကာလများတွင် စုစုပေါင်းကစားသမား ၁၆ ဦးအထိ ခေါ်ယူခဲ့ကာ ပြောင်းရွှေ့ကြေး ယူရို ၆၆၆ ဒသမ ၇ သန်း အသုံးပြုပြီး ပြောင်းရွှေ့ကြေးအများဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည်  ယခုဘောလုံးရာသီ အပြောင်းအရွှေ့ကာလတွင်   စံချိန်တင်ပြောင်းရွှေ့ကြေးများဖြင့် ဘင်ဖီကာအသင်းမှ အန်ဇိုဖာနန်ဒက်စ်ကို ယူရို ၁၃၁ ဒသမ ၄ သန်း၊ ဘင်ဖီကာအသင်းမှ မူဒရစ်ကို ယူရို ၇၆ ဒသမ ၁ သန်းဖြင့် ခေါ်ယူခဲ့သည်။

ယခုဘောလုံးရာသီ ပြောင်းရွှေ့ကြေးအများဆုံး ၁၀ သင်းစာရင်းတွင် ချယ်လ်ဆီးအသင်းနောက်၌ မန်ယူအသင်းက ယူရို ၂၆၅ ဒသမ ၃၁ သန်းဖြင့် အဆင့်(၂)၊ ဝက်စ်ဟမ်းအသင်းက ယူရို ၂၁၁ ဒသမ ၅၆ သန်းဖြင့် အဆင့်(၃)၊ အာဆင်နယ်အသင်းက ယူရို ၂၀၉ ဒသမ ၇၈ သန်းဖြင့် အဆင့်(၄)၊ နယူးကာဆယ်အသင်းက ယူရို ၂၀၂ ဒသမ ၀၇ သန်းဖြင့် အဆင့်(၅)၊ နော်တင်ဟမ်အသင်းက ယူရို ၂၀၀ဒသမ

၉၃ သန်းဖြင့် အဆင့်(၆)၊ စပါးအသင်းက ယူရို ၁၉၃ ဒသမ ၉၅ သန်းဖြင့် အဆင့်(၇)၊ ဝုဗ်အသင်းက ယူရို ၁၉၃ ဒသမ ၀၉ သန်းဖြင့် အဆင့်(၈)၊ ဘာစီလိုနာအသင်းက ယူရို ၁၇၂ ဒသမ ၃ သန်းဖြင့် အဆင့်(၉)နှင့် မန်စီးတီးအသင်းက ယူရို ၁၆၄ ဒသမ ၁၃ သန်းဖြင့် အဆင့်(၁၀)နေရာ၌ ရပ်တည်ခဲ့ကြကြောင်း သိရသည်။       

Ref;Bleacher Report Football