မန်ယူအသင်း၏ ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ဆွတ်ခူးရရှိ

မန်ယူအသင်း၏ ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ဆွတ်ခူးရရှိ

မန်ယူအသင်း၏  ယခုနှစ်  ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို အသင်းနှင့် အကောင်းဆုံးခြေစွမ်းပြလျက်ရှိသည့်    တိုက်စစ်ကစားသမား  ရက်ရှ်ဖို့ဒ်က  ဆွတ်ခူးရရှိကြောင်း  သိရသည်။

မန်ယူအသင်းက လစဉ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို အသင်းနှင့်  ခြေစွမ်းပြနိုင်ခဲ့သည့် ကစားသမားများထဲမှ ဆန်ခါတင်ကစားသမားစာရင်း ရွေးချယ်ပြီး ပရိသတ်များထံမှ ဆန္ဒမဲကောက်ယူကာ ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

မန်ယူအသင်း၏ ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုအတွက်    ဆန်ခါတင် ကစားသမားစာရင်းတွင် ရက်ရှ်ဖို့ဒ်သည် ကွင်းလယ်ကစားသမား ကက်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်၊ ခံစစ်ကစားသမား ဝမ်ဘစ်ဆာကာတို့နှင့်အတူပါဝင်လာပြီး  ရက်ရှ်ဖို့ဒ်က ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး လိဂ်ပြိုင်ပွဲ များပြန်လည်စတင်ကျင်းပသည့်အချိန်တွင် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး မှတ်တမ်းကောင်းများကိုလည်း ရရှိထားသူဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည်  မန်ယူအသင်းနှင့်အတူ  ဇန်နဝါရီလအတွင်းကစားခဲ့သည့်  ပြိုင်ပွဲစုံရှစ်ပွဲတွင်  ခုနစ်ဂိုး အထိသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက် မန်ယူအသင်း၏ တစ်လတာအကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   

Ref;MUTD.Com