၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်တန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ပြီးဖြစ်

၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်တန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ပြီးဖြစ်

မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများတင်ပို့လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ၁၀ လတာကာလအတွင်း ပြည်ပသို့  ပုစွန်တန်ချိန်  ၁၃၀၀၀  ကျော် တင်ပို့ပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀ လတာ ကာလအတွင်း  ပြည်ပကို   ပုစွန်တင်ပို့မှုအနေနဲ့   ပုံမှန်ကုန်သွယ်မှုကနေ  တန်ချိန် ၁၂၂၆၈ ဒသမ ၃၆၆ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၂၅၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးကနေ တန်ချိန် ၉၉၁ ဒသမ ၉၆၃ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၉၈ သန်းရရှိခဲ့တဲ့ အတွက် စုစုပေါင်းပုစွန်တန်ချိန်  ၁၃၂၆၀ ဒသမ ၃၂၉ တန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၅၅  သန်း ရရှိခဲ့ပါတယ်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခင်နှစ်ကာလတူက ပြည်ပသို့ ပုစွန် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှတန်ချိန် ၉၀၉၁ ဒသမ ၂၁၀ တန်တင်ပို့ပြီး  အမေ ရိကန်ဒေါ်လာ ၄၂ ဒသမ ၉၁၀ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ တန်ချိန်၂၅၅၄ ဒသမ ၉၇၅ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ ၈ ဒသမ ၇၀၇   သန်းရရှိခဲ့ရာ  စုစုပေါင်း ပုစွန်တန်ချိန် ၁၁၆၄၆  ဒသမ ၁၈၅  တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၁၇ သန်း ရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ပြည်ပသို့ပုစွန်တင်ပို့မှု ၁၆၁၄ ဒသမ  ၁၄၄ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။

 စောယု