ခုနစ်လကျော် ကာလအတွင်း တရုတ်နိုင်ငံသို့ ကဏန်းတန်ချိန် ငါးထောင်ကျော်နှင့် ငါးရှဉ့်တန်ချိန် တစ်သောင်းနီးပါး တင်ပို့နိုင်ခဲ့

ခုနစ်လကျော် ကာလအတွင်း တရုတ်နိုင်ငံသို့ ကဏန်းတန်ချိန် ငါးထောင်ကျော်နှင့် ငါးရှဉ့်တန်ချိန် တစ်သောင်းနီးပါး တင်ပို့နိုင်ခဲ့

    မြန်မာ့ရေထွက်ကုန်ဖြစ်သည့် ကဏန်း အရှင်နှင့် ငါးရှဉ့်အရှင်များကို တရုတ်နိုင်ငံသို့ မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တင်ပို့လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇွန်လမှ ယခုနှစ် ဇန်နဝါရီလအထိ  ခုနစ်လကျော်ကာလအတွင်း    ကဏန်းတန်ချိန် ငါးထောင်ကျော်နှင့် ငါးရှဉ့်တန်ချိန် တစ်သောင်းနီးပါး   တင်ပို့နိုင်ခဲ့ကြောင်း    ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

    ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကဏန်းအရှင်နှင့်ငါးရှဉ့်အရှင်များ တရုတ် နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် ဇွန် ၂၀ ရက်ကစ၍ ပြန်လည်တင်ပို့ နိုင်ခဲ့ပြီး  ယခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကဏန်းတန်ချိန် ၅၈၄၂ ဒသမ ၄၃၈ တန် တင်ပို့မှုမှ   ၁၆၇၇၉၆၈၆၃၂၈၄   ယွမ်၊ ငါးရှဉ့်တန်ချိန်    ၉၇၃၉ ဒသမ ၄  တန် တင်ပို့မှုမှ ၂၄၁၀၆၉၉၅၁ ဒသမ ၅၆ ယွမ် ရရှိခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် ပြည်တွင်းကုမ္ပဏီများနှင့် တရုတ်နိုင်ငံရှိ ကုမ္ပဏီများကြား ကုမ္ပဏီချင်း ချိတ်ဆက်၍   တရားဝင် တင်ပို့လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇွန် ၂၀ ရက်မှ ၃၀ ရက် အထိ ကဏန်း ၁၇၁ ဒသမ ၆၃၈ တန်နှင့် ငါးရှဉ့် ၅၀ ဒသမ ၀၈ တန်၊ ဇူလိုင်လက ကဏန်း ၉၄၂ ဒသမ ၅၄၃ တန်နှင့် ငါးရှဉ့် ၁၅၆၈ ဒသမ ၄၈ တန်၊ သြဂုတ်လက ကဏန်း ၉၂၅ ဒသမ ၁၅၅ တန်နှင့် ငါးရှဉ့် ၂၁၄၇ ဒသမ ၉၆ တန်၊ စက်တင်ဘာလ က  ကဏန်း ၈၄၈ ဒသမ ၀၉၅ တန်နှင့် ငါးရှဉ့် ၂၃၈၂ ဒသမ ၅၆ တန်၊ အောက်တို ဘာလက ကဏန်း ၆၃၂ ဒသမ ၅၀၇ တန်နှင့် ငါးရှဉ့် ၁၆၈၄ ဒသမ ၆ တန်၊ နိုဝင်ဘာလက ကဏန်းတန်ချိန် ၆၂၀ နှင့် ငါးရှဉ့် ၈၃၇ ဒသမ ၃၂ တန်၊ ဒီဇင်ဘာလက ကဏန်း ၆၅၃ ဒသမ ၇၅ တန်နှင့် ငါးရှဉ့် ၃၆၆ ဒသမ ၉၂  တန်၊  ၂၀၂၃ ခုနှစ်  ဇန်နဝါရီလက ကဏန်း ၁၀၄၈ ဒသမ ၇၅ တန်နှင့် ငါးရှဉ့် ၇၀၁ ဒသမ ၄၈ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။