စပါးအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် တိုက်စစ်မှူး ဟယ်ရီကိန်း ထိပ်ဆုံး၌ရပ်တည်

စပါးအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် တိုက်စစ်မှူး ဟယ်ရီကိန်း ထိပ်ဆုံး၌ရပ်တည်

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် မန်စီးတီးအသင်းနှင့်ကစားသည့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် စပါးအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်သည့် ဂျင်မီဂရေ့ဗ်၏ စံချိန်ကိုကျော်ဖြတ်ပြီး အသင်းသမိုင်းတစ်လျှောက်  သွင်းဂိုးအများဆုံးကစားသမားအဖြစ်  ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ  ပွဲစဉ်(၂၂)အဖြစ် ကစားသည့် စပါးအသင်းက မန်စီးတီးအသင်းကို အိမ်ကွင်းတွင်   ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌  ဟယ်ရီကိန်းက  ပွဲချိန်  ၁၅ မိနစ်တွင်  အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီး  စပါးအသင်းနှင့်အတူ ပြိုင်ပွဲစုံ  သွင်းဂိုး ၂၆၇ ဂိုးရှိလာပြီး  အသင်းသမိုင်းတစ်လျှောက်  သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

စပါးအသင်းသမိုင်းတစ်လျှောက်   ဟယ်ရီကိန်း မတိုင်မီက  သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်သည့် ဂျင်မီဂရေ့ဗ်က သွင်းဂိုး ၂၆၆ ဂိုးဖြင့် သွင်းဂိုးအများဆုံးကစားသမား အဖြစ်ရပ်တည်နေပြီး   ယခုအခါ ဟယ်ရီကိန်းက ဂျင်မီဂရေ့ဗ်၏စံချိန်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် ၂၀၁၁ ခုနှစ်က လေတန်အသင်းမှ စပါးအသင်းသို့  ပြောင်းရွှေ့ကစားခဲ့သော်လည်း အစောပိုင်းက   ပွဲထွက်ကစားခွင့်မရရှိဘဲ   မီဝေါလ်အသင်း၊  နောဝှစ်ချ်အသင်းနှင့်  လက်စတာအသင်းတို့၌  အငှားစာချုပ်ဖြင့်ကစားခဲ့ပြီး  ၂၀၁၃  ခုနှစ်မှသာ စပါးအသင်းနှင့်ပြန်လည်ပူးပေါင်းခဲ့သည်။

ဟယ်ရီကိန်းသည်   မန်စီးတီးအသင်းနှင့်ကစားသည့်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယား လိဂ်သွင်းဂိုး  ၂၀၀ ပြည့်မြောက်ခဲ့ပြီး အလန်ရှီးယားနှင့် ဝိန်းရွန်နီတို့ပြီးလျှင် သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့သည့် တတိယမြောက် ကစားသမား ဖြစ်လာကြောင်း သိရသည်။    

Ref;Bleacher Report Football