အနာဂတ်မရေမရာဖြစ်နေသည့် ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာ၏နေရာ၌ ဂျာမနီအသင်း နည်းပြဟောင်း ဟန်ဆီဖလစ်နှင့် အစားထိုးဖွယ်ရှိနေ

အနာဂတ်မရေမရာဖြစ်နေသည့် ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာ၏နေရာ၌ ဂျာမနီအသင်း နည်းပြဟောင်း ဟန်ဆီဖလစ်နှင့် အစားထိုးဖွယ်ရှိနေ

ချယ်လ်ဆီးအသင်းပိုင်ရှင်  တော့ဘိုလီက အသင်းရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့်   အနာဂတ်မရေမရာ ဖြစ်နေသည့် နည်းပြဂရေဟမ်ပေါ်တာ၏နေရာ၌ ဂျာမနီအသင်းနည်းပြဟောင်း ဟန်ဆီဖလစ်နှင့် အစားထိုးဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ယခုဘောလုံးရာသီတွင်     ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်အဖြစ်     တော့ဘိုလီဖြစ်လာခဲ့ပြီးနောက် အသင်းကို   အပြောင်းအလဲများပြုလုပ်ပြီး   နည်းပြတူချယ်လ်၏နေရာ၌  ဂရေဟမ်ပေါ်တာနှင့် အစားထိုးခဲ့သည်။

အသင်းပိုင်ရှင် တော့ဘိုလီက ဂရေဟမ်ပေါ်တာကို ကာလရှည်စာချုပ်ဖြင့်ခန့်အပ်ခဲ့ပြီး အပြောင်းအရွှေ့ ကာလများတွင်   ပြောင်းရွှေ့ကြေးများစွာအသုံးပြု၍ ထိပ်တန်းကစားသမားများကို  ခေါ်ယူအင်အားဖြည့် တင်းပေးခဲ့သော်လည်း  လက်ရှိအချိန်ထိ  ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်သည့်ပွဲစဉ်ကို  ဂျာမနီအသင်း နည်းပြဟောင်း ဟန်ဆီဖလစ်က ကွင်းအတွင်း လာရောက်ကြည့်ရှုခဲ့ပြီးနောက် လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာ၏ အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခြင်းဖြစ်သည်။ အစောပိုင်းတွင် အသင်းပိုင်ရှင်တော့ဘိုလီက နည်းပြဂရေဟမ်ပေါ်တာကို  ထုတ်ပယ်မည်မဟုတ်ကြောင်းပြောကြားထားသော်လည်း   လက်ရှိအသင်း ရလဒ်ပိုင်းကြောင့်အပြောင်းအလဲပြုလုပ်ရန်  ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။                           

 Ref;ESPN