အမျိုးသား အမျိုးသမီး ဘတ်စကက်ဘော အားကစားပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲကျင်းပ

ကသာ၊ အားကစား

အမျိုးသား အမျိုးသမီး ဘတ်စကက်ဘော အားကစားပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် U-25 အောက် အမျိုးသား၊ အမျိုးသမီးဘတ်စကက်ဘော အားကစားပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲကို ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဧရာရွှေလီခန်းမ၌ ကျင်းပသည်။

အဆိုပါ U-25 အောက် အမျိုးသား၊အမျိုးသမီးဘတ်စကက်ဘော အားကစားပြိုင်ပွဲတွင် ကသာမြို့နယ်နှင့်အင်းတော်မြို့နယ်တို့မှ ဘတ်စကက်ဘောအသင်း ခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပတ်လည်အားကစားပွဲပြိုင်ပွဲတွင် အမျိုးသားဘတ်စကက်ဘော 9 k Spirts (katha) အားကစားအသင်းနှင့် V.S(katha) အားကစားအသင်းနှစ်သင်းတို့က ဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ 9 k Spirts(katha) အားကစားအသင်းက ပထမဒိုင်းဆုဖလားကိုလည်းကောင်း၊ အမျိုးသမီးဘတ်စကက်ဘော Indaw (A) အားကစားအသင်းနှင့်   S.N.P (Katha) အားကစားအသင်းတို့ကလည်း ဗိုလ်လုပွဲယှဉ်ပြိုင်ကြရာ Indaw (A) အားကစားအသင်းက ပထမဒိုင်းဆုဖလားကို လည်းကောင်း ဆွတ်ခူးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးမွန်စံတို့က ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသော  အားကစားအသင်းများအား ဆုများ  အသီးသီးပေးအပ်ကြောင်း သိရသည်။                     

ကျော်စွာ(ကသာ)