၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများ ဆက်လက်ပြသ

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများ ဆက်လက်ပြသ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ဒုတိယနေ့တွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာ အစားအစာပြခန်းများ ပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်ထိ(၅)ရက် တိုင်တိုင် နံနက်(၉)နာရီမှ ည(၁၀)နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ခန်း၊နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်း ၅၅ ခန်းကိုပြသထားပြီး တိုင်းရင်းသာရိုးရာအကများ၊ ရုပ်ရှင် အနုပညာရှင်များ၊ စတူဒီယိုတေးသံရှင်များနှင့် မျိုးဆက်သစ်အဆိုရှင်များ ကလည်း ဖျော်ဖြေတင်ဆက် ပေးသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီး ဌာန ၊ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့်ဒေသထွက်ကုန် ပစ္စည်းအရောင်း ပြခန်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်သူများမှ အခမဲ့လာရောက်လည်ပတ် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။