ဘရာဇီးနိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့် ဘရာဇီးအသင်းနည်းပြရာထူးအတွက် နည်းပြအန်ဆယ်လော့တီကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှုရရှိ

ဘရာဇီးနိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့် ဘရာဇီးအသင်းနည်းပြရာထူးအတွက် နည်းပြအန်ဆယ်လော့တီကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှုရရှိ

ရီယိုဒီဂျနေးရိုး၊ ဘောလုံး

ဘရာဇီးနိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့် ဘရာဇီးအသင်းနည်းပြရာထူးအတွက် ရီးယဲလ်မက်ဒရစ်အသင်း ဝါရင့်နည်းပြ အန်ဆယ်လော့တီကို သုံးနှစ်စာချုပ်ဖြင့်ခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး နည်းပြအန်ဆယ်လော့တီသည် ယခုဘောလုံးရာသီ အကုန်မှစတင်ကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးအသင်းနည်းပြဟောင်း တီထီသည် အတောင့်တင်းဆုံးကစားသမားစာရင်းကို ပိုင်ဆိုင်ထားသော်လည်း ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ကွာတား ဖိုင်နယ်အဆင့်တွင် ခရိုအေးရှားအသင်းကိုရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည့်အတွက် ပြိုင်ပွဲအပြီးတွင် အသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

နည်းပြအန်ဆယ်လော့တီသည် ၂၀၂၁ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် ယခုဘောလုံးရာသီ အကုန်တွင် အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

နည်းပြအန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ် အသင်းအတွက် ပထမဆုံးဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဖလားနှင့် စပိန် လာလီဂါဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီ၌ စပိန်လာလီဂါ ပြိုင်ပွဲ ပွဲစဉ် (၂၀) ကစားအပြီးတွင် အမှတ်ပေးဇယား ထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် ရမှတ်ရှစ်မှတ်အထိ ကွာဟနေသည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်း တာဝန်ရှိသူများက အန်ဆယ်လော့တီနှင့် လမ်းခွဲလိုနေခြင်းဖြစ်ကြောင်း သိရသည်။  

Ref;Dailymail