၂၀၂၂ FIFA တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုနှင့် အကောင်းဆုံး သွင်းဂိုးဆုအတွက် နောက်ဆုံး ဆန်ခါတင် စာရင်းကြေညာ

၂၀၂၂ FIFA တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုနှင့် အကောင်းဆုံး သွင်းဂိုးဆုအတွက် နောက်ဆုံး ဆန်ခါတင် စာရင်းကြေညာ

ဂျီနီဗာ၊ ဘောလုံး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က  ၂၀၂၂ FIFA တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်မည့် ၂၀၂၂ FIFA တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုနှင့်  အကောင်းဆုံးသွင်းဂိုးဆုအတွက်  နောက်ဆုံးဆန်ခါတင် စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

၂၀၂၂ FIFA တစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပီအက်စ်ဂျီအသင်းမှ မက်ဆီ၊ အမ်ဘတ်ပီနှင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘင်ဇီမာတို့ပါဝင်လာသည်။

မက်ဆီသည် ၂၀၂၂ ခုနှစ်အတွင်း ပီအက်စ်ဂျီအသင်းနှင့် ပြည်တွင်းလိဂ်ဖလားသာရရှိခဲ့သော်လည်း အာဂျင်တီးနားအသင်းနှင့်အတူ   အဓိကဆုဖလားနှစ်လုံးဖြစ်သည့် ကိုပါအမေရိကဖလားနှင့် ၂၀၂၂ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၂၀၂၂ FIFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်ပြီး ဆန်ခါတင်ကစား သမားသုံးဦး တွင် ထိပ်ဆုံးမှရေပန်းစားလျက်ရှိသည်။

အလားတူ အမ်ဘတ်ပီသည်လည်း ပီအက်စ်ဂျီ အသင်းနှင့်အတူ ပြည်တွင်းလိဂ်ဖလားရရှိခဲ့သည့် အပြင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လည်း အကောင်းဆုံးခြေစွမ်းပြနိုင်ကာ ဒုတိယဆုရရှိပြီး သွင်းဂိုးအများဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သောကြောင့် ဆန်ခါတင် စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

ဘင်ဇီမာသည် နိုင်ငံအသင်းနှင့် အောင်မြင်မှုမရ ရှိသော်လည်း ၂၀၂၂ ခုနှစ်အတွင်း ရီးယဲလ်မက်ဒရစ် အသင်းနှင့် ချန်ပီယံလိဂ်၊ စပိန်လာလီဂါ စသည့်ဆု ဖလားများဆွတ်ခူးနိုင်ခဲ့သောကြောင့်   နောက်ဆုံး ဆန်ခါတင်စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

၂၀၂၂ FIFA တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုအတွက် နောက်ဆုံးဆန်ခါတင်စာရင်းတွင် စပါး အသင်းမှ ရစ်ချာလီဆန်၊ မာဆေးလ် အသင်းမှ ဒီမီ ထရီပါယက်နှင့် မသန်စွမ်းဘောလုံးသမား အိုလက်ဆီ တို့ပါဝင်လာကြောင်း သိရသည်။

Ref;FIFA.Com