ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား  ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့်အဖွဲ့ဝင် များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

        ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

        ယင်းနောက် တိုင်းစစ်ဌာနချုပ် ဆေးကုသရေးအဖွဲ့များက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။