၂၀၂၃ ခုနှစ် ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် တိုင်းရင်းသားရိုးရာအစားအစာနှင့်ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများ ဆက်လက်ပြသ

၂၀၂၃ ခုနှစ် ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် တိုင်းရင်းသားရိုးရာအစားအစာနှင့်ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများ ဆက်လက်ပြသ

နေပြည်တော်၊  ဖေဖော်ဝါရီ ၁၂

၂၀၂၃ ခုနှစ်၊(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ တိုင်း ရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ ယနေ့တတိယနေ့တွင် လာရောက်ကြည့်ရူသူများဖြင့် စည်ကား လျက်ရှိသည်။

(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများ၊ ရိုးရာ အစားအစာပြခန်းများပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်ထိ (၅)ရက်တိုင်တိုင် နံနက် (၉)နာရီမှ ည(၁၀)နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း ၁၅ ခန်း စုစုပေါင်း ၅၅ ခန်းနှင့် MSME ထုတ်ကုန်များအရောင်းပြခန်း ၃၈၂ ခန်း (စုစုပေါင်း ၄၃၇ ခန်း) တို့အား ခင်းကျင်းပြသထားကာ တိုင်းရင်းသာရိုးရာအကများ၊ ရုပ်ရှင် အနုပညာရှင် များ၊ စတုဒီယိုတေးသံရှင်များ၊ မျိုးဆက်သစ်အဆိုရှင်များကလည်း ဖျော်ဖြေ တင်ဆက်ပေးသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ပြည်သူများအနေဖြင့် အခမဲ့လာရောက် လည် ပတ်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။