၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု
ဓာတုဗေဒဘာသာရပ်ဆိုင်ရာသိကောင်းစရာများ
ဒေါက်တာနီနီသန်း၊ ပါမောက္ခ (ဌာနမှူး)
ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်
မင်္ဂလာပါတပည့်တို့။ ဒီကနေ့ ဆွေးနွေးမှာကတော့ ၂၀၂၃ ခုနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူများ အတွက် အထောက်အကူဖြစ်စေဖို့ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာနဲ့ သတိပြုရမယ့် အချက်အလက်တွေပဲ ဖြစ်ပါတယ်။
ပထမဦးစွာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒမေးခွန်းက ၂၀၁၉ ခုနှစ်က ပုံစံအတိုင်းဖြစ်ပြီး Section A နဲ့ Section B ဆိုပြီး အပိုင်း (၂) ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ Section A မှာ Objective types တွေဖြစ်တဲ့ TRUE/ FALSE, Fill in the blanks, Multiple choice နဲ့ Matching တွေကို နံပါတ် (၁) ကနေ နံပါတ် (၄) အထိ (၁) မှတ်တန် မေးခွန်း (၇) ပုဒ်စီ မေးထား ပါတယ်။ နံပါတ် (၅) မှာ Definition or Explanation or Statement (၁)မှတ်တန် (၈) ပုဒ် မေးထားတဲ့အတွက် စုစုပေါင်း (၃၆) မှတ်ဖိုး ဖြေဆိုရပါမယ်။
Section B မှာတော့ Short questions ဖြစ်တဲ့ (၂) မှတ်တန် မေးခွန်း (၆) ပုဒ်ကို နံပါတ် (၆) မှာ မေးထားပါတယ်။ အားလုံးဖြေဆိုရမှာဖြစ်ပြီး ရွေးချယ်ခွင့်မရှိပါဘူး။ နံပါတ် (၇) မှာတော့ Medium question ဖြစ်တဲ့ (၄) မှတ်တန် မေးခွန်း (၈) ပုဒ်မေးပြီး နှစ်သက်ရာ (၅) ပုဒ်၊ နံပါတ် (၈) မှာတော့ (၈) မှတ်တန် (၆) ပုဒ်မေးပြီး (၄) ပုဒ်ဖြေဆိုရပါမယ်။ စုစုပေါင်း (၆၄) မှတ်ဖိုးဖြစ်ပါတယ်။ Section A နဲ့ Section B ရှိ မေးခွန်းအားလုံးဟာ အခန်းတိုင်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
Section A ရှိ မေးခွန်းနံပါတ် (၁) အမှား၊ အမှန် ရွေးချယ်စေတဲ့မေးခွန်း (TRUE or FALSE) မှာ အဖြေကို T သို့မဟုတ် F လို့မရေးဘဲ TRUE သို့မဟုတ် FALSE လို့ အပြည့်အစုံရေးမှသာ အမှတ်ရမှာ ဖြစ်ပါတယ်။
မေးခွန်း (၂) ကွက်လပ်ဖြည့်တဲ့မေးခွန်းဖြေဆိုရာမှာ စာလုံးပေါင်းမှန်ရမယ့်အပြင် ပြည့်စုံရပါ
မယ်။
မေးခွန်း (၃) ရွေးချယ်တဲ့ မေးခွန်းကိုဖြေဆိုတဲ့အခါ တိကျဖို့လိုပါတယ်။ အဖြေမှန်တစ်ခုထက် ပိုဖြေမိရင်လည်းကောင်း၊ အဖြေမှန် (၂) ခုကို တစ်ခုတည်းဖြေရင်လည်းကောင်း အမှတ်မရနိုင်ပါဘူး။
မေးခွန်း (၄) Matching ဖြေဆိုတဲ့အခါ List A နဲ့ List Bပါအကြောင်းအရာကိုယှဉ်တွဲခြင်းမေး
ခွန်းအတွက် ပုဒ်ခွဲနံပါတ်အပြင် စာသားများအားလုံး အပြည့်အစုံဖော်ပြ ဖြေဆို ရပါမယ်။ ပုဒ်ခွဲနံပါတ် အက္ခရာ (a)၊ (b)၊ (c)….. နဲ့ ပုဒ်ခွဲ နံပါတ် (i)၊ (ii)၊ (iii)….. တို့ဖြင့်သာ ယှဉ်တွဲ ဖော်ပြမယ်ဆိုရင် အမှတ်မရနိုင်ပါဘူး။
နံပါတ် (၁) မှ (၄) အထိ Objective types မေးခွန်းတွေကို အမှတ်ပြည့်ရအောင် ကျောင်းသုံးစာအုပ်ထဲမှ ပြဋ္ဌာန်းထားတဲ့အခန်း(၁၅)ခန်းလုံးကို သေချာစွာ ဖတ်ရှုလေ့လာမှသာ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
မေးခွန်း (၅) မှာ Definition or Explanation or Statement (၁) မှတ်တန် (၈) ပုဒ်ပါပါ တယ်။ Definition ကို စာသားနဲ့ပဲ ဖြေဆိုရပါမယ်။ အကြောင်းအရာချင်းတူနေလျှင်ဖြစ်စေ၊ အဓိပ္ပာယ် ပြောင်းလဲမှုမရှိလျှင်ဖြစ်စေ မည်သည့် Definition ကိုမဆို ဖြေဆိုလို့ရပါတယ်။
အခုဆက်လက်ပြီး Section B မေးခွန်း (၆) မှ (၈) အထိ ဖြေဆိုတဲ့အခါမှာ Chapter အလိုက် သတိပြုရမယ့်အချက်တွေကို ပြောပြပါမယ်။ ဒီ Section B မှာ definition၊ law၊ explanation မေးရင် (၂) မှတ်ပေးတာကြောင့် example တွေ၊ mathematical expression တွေပါ ထည့်ဖြေရ ပါမယ်။
Chapter (1) The Electronic Structures of Atoms, Periodic Table and Chemical Bonds အခန်းမှာ ဒြပ်စင်တစ်ခုရဲ့ အက်တမ်တစ်ခုမှာပါဝင်တဲ့ p၊`e၊ n အရေအတွက်ကို ဖော်ပြနိုင်ရပါမယ်။ ပါဝင်တဲ့`e တွေရဲ့ တည်ဆောက်ပုံအမျိုးမျိုး electronic structures၊complete electronic structures နဲ့ essential electronic structures၊ ဒီဒြပ်စင်ရဲ့ periodic table ရှိ တည်နေရာ (Position- group no. and period no.) သိရပါမယ်။ ဒီဒြပ်စင်ရဲ့ valence၊ type of element (metal or non- metal or metalloid or alkali or alkaline earth metals or noble gases or halogens) တွေကို မှန်ကန်စွာ ခွဲခြားတတ်ရပါမယ်။ ဒြပ်စင်အချင်းချင်း ပေါင်းစပ်တဲ့အခါ ဖြစ်လာမယ့် ဓာတ်စည်းအမျိုးအစား၊ ဒီဖြစ်လာတဲ့ ဒြပ်ပေါင်းရဲ့ formula၊ electron dot-cross structure တွေကိုလည်း ရေးတတ်ဖို့လိုပါတယ်။ Octet rule ကို လိုက်နာတဲ့ဒြပ်ပေါင်းရှိသလို မလိုက်နာတဲ့ ဒြပ်ပေါင်းတွေလည်း ရှိပါတယ်။ Ionic compounds နဲ့ covalent compounds တွေရဲ့ ဂုဏ်သတ္တိခြားနားချက်တွေကိုလည်း သိထားရပါမယ်။
ခြွင်းချက်အနေနဲ့ Al ဟာ p-block element ဖြစ်ပြီး dark line ရဲ့ ဘယ်ဘက်မှာရှိနေပေမယ့် metal character ပိုများတယ်၊ metal နဲ့ non-metal ပေါင်းရင် ionic bond ဖြစ်တယ်ဆိုပေမယ့် Al (metal) နဲ့ Cl (non-metal) ပေါင်းရင် covalent bond ဖြစ်တာသိရပါမယ်။ ဒါ့အပြင် Be (alkaline earth metal) နဲ့ Cl (non-metal) ပေါင်းရင်လည်း covalent bond ပဲဖြစ်တယ်ဆိုတာတွေကို သတိထားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ionic bond၊ covalent bond ဖြစ်နိုင်မှုဟာ ပေါင်းစပ်တဲ့ atom နှစ်ခုရဲ့ လျှပ်စစ်ဓာတ်မဆွဲအားခြားနားမှု (electronegativity difference) အပေါ်မှာ မူတည်လို့ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ molecule တစ်ခုထဲရှိ atom ပေါ်မှာ lone pair `e ရှိပြီး ဒီပစ္စည်းက`e deficient molecule သို့မဟုတ် ion နဲ့ ပေါင်းစပ်ရင် co-ordinate/ dative bond ဖြစ်ကြောင်း သိထားရပါမယ်။
Periodic table ရဲ့ group နဲ့ period အလိုက် periodic properties တွေဖြစ်တဲ့ electropositivity၊ electronegativity၊ atomic size၊ ionization energy နဲ့ electron affinity တွေရဲ့ trend ကို လေ့လာတဲ့အခါ အပိုင်းတစ်ခုထဲမှာ ဘယ်ဘက်မှညာဘက်သို့သွားရင် electropositivity လျော့နည်းသွားပြီး electronegativity တိုးလာတာကို တွေ့နိုင်ပါတယ်။ Atom တွေရဲ့ size တွေဟာ အုပ်စုတစ်ခုထဲမှာ အပေါ်မှအောက်သို့သွားရင် အရွယ်ကြီးလာပြီး period အလိုက်သွားရင်တော့ nuclear charge ရဲ့ ဆွဲငင်အားကြောင့် အရွယ်ငယ်သွားတာကို သိရှိထားရပါ မယ်။ Ionization energy နဲ့ electron affinity ကတော့ atomic size နဲ့ ယေဘုယျအားဖြင့် ပြောင်းပြန်ဖြစ်တာကို တွေ့ရပါမယ်။
Periodic table ထဲမှာ ionization energy အနည်းဆုံးအုပ်စုနဲ့ အများဆုံးအုပ်စုရှိသလို electron affinity အနည်းဆုံးအုပ်စုနဲ့ အများဆုံးအုပ်စုလည်းရှိပါတယ်။ Group IA (alkali metals) ဟာ ionization energy ရော electron affinity ပါ အနည်းဆုံးရှိပါတယ်။ Group IA metals တွေရဲ့ အပြင်ဘက်ဆုံးအခွံမှာ electron တစ်လုံးတည်းရှိနေတာကြောင့် စွမ်းအင်အနည်းဆုံးသုံးပြီး electron ကို လွယ်ကူစွာဖယ်ထုတ်နိုင်တဲ့အတွက် ionization energy နည်းပါတယ်။ electron affinity အတွက်ဆိုရင်လည်း အဲဒီ electron တစ်လုံးကို ကောင်းစွာထိန်းချုပ်မထားနိုင်တဲ့အတွက် နောက်ထပ် electron တစ်လုံးထပ်ထည့်ဖို့ ခက်ခဲတဲ့အတွက် ထွက်ပေါ်လာတဲ့ energy က နည်းသွားရခြင်း ဖြစ်ပါတယ်။ Group 0 (noble gases) မှ elements တွေဟာ တည်မြဲတဲ့ electron တည်ဆောက်ပုံ ပိုင်ဆိုင်ထားတဲ့အတွက် အပြင်ဆုံးအခွံမှ `e တစ်လုံးဖယ်ဖို့ခက်ပြီး စွမ်းအင်များများ သုံးရလို့ ionization energy များရခြင်းဖြစ်တယ်။ Group VII B (halogens) မှ elements များကတော့ အပြင်ဘက်ဆုံးအခွံမှာ`e (၇)လုံးရှိကြပါတယ်။ နောက်ထပ် `e တစ်လုံးထပ်ထည့် လိုက်ရင် noble gases တွေရဲ့`e တည်ဆောက်ပုံဖြစ်သွားကြလို့`e ထပ်ထည့်ဖို့ လွယ်ကူပြီး electron affinity များရခြင်းဖြစ်တယ်ဆိုတာ နားလည်ဖို့လိုအပ်ပါတယ်။
Chapter (2) မှာတော့ ဓာတ်ငွေ့နဲ့သက်ဆိုင်တဲ့ နိယာမတွေကို အဓိပ္ပာယ်ဖွင့်ဆိုချက်များ အပြင် mathematical expression၊ mathematical formula/equation၊ constant factors၊ measurable quantities နဲ့ unit တွေပါ သိထားဖို့လိုအပ်ပါတယ်။ Law နဲ့ ပတ်သက်တဲ့ ပုစ္ဆာတွေတွက်တဲ့အခါမှာ လည်း အသုံးပြုရမယ့် gas law equation နဲ့ unit များကို မှန်ကန်စွာ ရေးတတ်ဖို့လိုပါတယ်။ unit များမလိုပါက မထည့်မိဖို့ သတိထားရပါမယ်။ Law တွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် သို့မဟုတ် mathematical expression/formula ပေးပြီး law အမည်ကိုပြန်ရေးတဲ့အခါ အပြည့်အစုံ ဖော်ပြရပါမယ်။ Mathematical expression နဲ့ mathematical equation မတူတာကို သေချာ သိထားဖို့လိုပါတယ်။ ဒါ့အပြင် ဓာတ်ငွေ့ one mole ရဲ့ mass နဲ့ one molecule ရဲ့ mass တွေကို ခွဲခြားတတ်ဖို့ လိုပါတယ်။
Chapter (3) Stoichiometry မှာတော့ ဓာတ်ပြုခြင်းတစ်ခုမှာပါတဲ့ ဓာတ်ပြုပစ္စည်း သို့မဟုတ် ဓာတ်ဖြစ်ပစ္စည်းတို့ရဲ့ ပမာဏတွေကို Law of conservation of mass၊ Relative masses of atoms၊ The concept of the mole အစရှိတဲ့ ဓာတုနိယာမ၊ စည်းမျဉ်းတွေအပေါ် အခြေခံပြီး တွက်ချက်ရတာတွေပါပါတယ်။ ဓာတ်ပြုပစ္စည်း သို့မဟုတ် ဓာတ်ဖြစ်ပစ္စည်းများရဲ့ formula mass/ formula weight၊ percent composition တွေကိုလည်း တွက်တတ်အောင် လေ့ကျင့်ထားရပါမယ်။ ဓာတ်ပစ္စည်းများရဲ့ molecular mass (formula mass)၊ relative molecular mass နဲ့ molar mass တွေရဲ့ unit များနဲ့ တွက်ချက်ခြင်း၊ ဓာတ်ပစ္စည်းတွေရဲ့ ပမာဏကို mole သို့မဟုတ် millimole နဲ့ တွက်ချက်ခြင်းတို့ကို သိရှိနားလည်ရပါမယ်။ ဓာတ်ပြုခြင်းတစ်ခုမှာ ပါဝင်တဲ့ ဓာတ်ပြုပစ္စည်းများ အနက် ဓာတ်ပြုညီမျှခြင်းအရ လိုအပ်တာထက် နည်းပါးစွာပါဝင်နေတဲ့ ပစ္စည်းကို limiting substance လို့ ခေါ်ပါတယ်။ အဲဒီ ဓာတ်ပြုခြင်းကဖြစ်ပေါ်လာတဲ့ ဓာတ်ဖြစ်ပစ္စည်းပမာဏဟာ limiting substance ပေါ်မူတည်နေကြောင်း နားလည်ဖို့လိုပါတယ်။
Volumetric analysis (ထုထည်တိုင်းဓာတ်ခွဲခြင်း) မှာ Titration၊ Standardization၊ Molarity၊ Molar solution တို့ကို နားလည်ရမယ့်အပြင် Equivalence point နဲ့ End point ခြားနားချက်တို့ကိုလည်း သိရှိရမှာဖြစ်ပါတယ်။ ပျော်ရည်များဖြစ်တဲ့အတွက် ယင်းပျော်ရည်များရဲ့ ပြင်းအား (Molarity) တွက်ချက်ခြင်း၊ စံပျော်ရည် (ပြင်းအားသိပျော်ရည်) ဖျော်ယူခြင်း၊ စံပျော်ရည်များအသုံးပြု acid-base titration လုပ်ဆောင်နိုင်ခြင်းတို့ကို သိရှိနားလည်ဖို့လိုပါတယ်။ Molarity (concentration) ရဲ့ unit တွေကို မှန်ကန်စွာရေးသားဖော်ပြရပါမယ်။
Dilution of solution ပျော်ရည်ရေရောခြင်းပုစ္ဆာမျိုး တွက်မယ်ဆိုရင် ယင်းပျော်ရည်ထဲ မှာရှိတဲ့ total amount of substance (mole or millimole) ဟာ မပြောင်းလဲတဲ့အတွက် M1V1=M2V2 formula ကိုသုံးပြီး တွက်လို့ရတယ်ဆိုတာ သတိပြုရပါမယ်။ Titration ပုစ္ဆာတွေ တွက်ရင် balanced chemical equation ကို မှန်ကန်အောင်ရေးနိုင်ဖို့ အရေးကြီးပါတယ်။ Chemical formula မှားရင် equation မှားမယ် သို့မဟုတ် formula မှန်နေပေမယ့် equation ညှိတာမညီခဲ့ရင် mole ratio မှားနိုင်တာကြောင့် ပုစ္ဆာတစ်ပုဒ်လုံး မှားနိုင်တယ်ဆိုတာ အထူးဂရုစိုက် ရပါမယ်။ Molarity ရှာတဲ့အခါ Molarity ပုံသေနည်းကို မှန်ကန်ပြည့်စုံစွာ ရေးပြီးမှတွက်ရပါမယ်။
Chapter (4) Electrolysis အခန်းမှာ Conductor နဲ့ Insulator ခြားနားချက်၊ Electrolytes နဲ့ Non-electrolytes ခြားနားချက်တွေကို နားလည်သဘောပေါက်ရန် လိုအပ်ပါတယ်။ Conductor ဟာ သတ္တုအခဲ အခြေအနေနဲ့ အရည်အခြေအနေ နှစ်မျိုးစလုံးမှာ လျှပ်ကူးနိုင်တယ်။ Metallic lattice ထဲမှာ valence `e တွေရွေ့လို့ဖြစ်ပါတယ်။ Cu၊ Ag တို့ဟာ solid conductor ဖြစ်ပြီး mercury ကတော့ liquid conductor ဖြစ်တယ်။ Insulator ကတော့ metallic lattice မရှိတဲ့ အတွက် လျှပ်မကူးနိုင်ဘူး ဆိုတာသိရပါမယ်။
Electrolytes တွေကတော့ Electrovalent compounds တွေဖြစ်ပြီး သူတို့ရဲ့ အခဲပျော်ရည် (molten salt) သို့မဟုတ် ရေမှာဖျော်ထားသောပျော်ရည် (aqueous salt solution) မှာ ions တွေ ရွေ့လျားလို့ လျှပ်ကူးနိုင်တယ်။ Non electrolytes တွေက covalent compounds ဖြစ်ပြီး molecules တွေပါဝင်နေသော်လည်း ions တွေမပါလို့ လျှပ်မကူးနိုင်တာကို သိထားရပါမယ်။
Electrolysis ပြုလုပ်ရာမှာ molten salt (ဆားအခဲပျော်ရည်) နဲ့ aqueous salt solution (ဆားပျော်ရည်) ဘယ်လိုကွာခြားသလဲဆိုတာ သိထားရပါမယ်။ molten salt မှာ salt မှ ထွက်လာတဲ့ cation တစ်မျိုးနဲ့ anion တစ်မျိုးစီသာပါပြီး aqueous salt solution မှာတော့ အဆိုပါ ions များအပြင် ပါဝင်တဲ့ရေမော်လီကျူးမှ ထွက်လာတဲ့ H+နဲ့ OH- ions တွေပါလာမယ်ဆိုတာ သိရှိထားရပါမယ်။ Electrode reactions တွေရေးရင်လည်း ထည့်သွင်းစဉ်းစားရပါမယ်။ ပျော်ရည်အမျိုးမျိုးကို လျှပ်စစ်ဓာတ်ဖြိုခွဲခြင်းမှရလာတဲ့ ဓာတ်ပစ္စည်းများအပေါ် electrochemical series (E. C. S) မှာရှိတဲ့ သတ္တုများနဲ့ အုပ်စုများရဲ့တည်နေရာ၊ လျှပ်လိုက်ပစ္စည်းများရဲ့ ပါဝင်ကိန်း၊ လျှပ်ခေါင်းတိုင်များ (anode၊ cathode) ရဲ့ သဘာဝ စတဲ့အချက်များက လွှမ်းမိုးနေကြောင်း ရှင်းရှင်းလင်းလင်းသိထားဖို့ လိုပါတယ်။ ဒါမှ cathode နဲ့ anode reactions များရေးနိုင်ပြီး ဘယ်ဓာတ်ဖြစ်ပစ္စည်းက cathode မှာ ထွက်ပြီး ဘယ်ဓာတ်ဖြစ်ပစ္စည်းက anode မှာ ထွက်မယ်ဆိုတာ မှန်ကန်စွာဆုံးဖြတ်နိုင်ပါမယ်။ Electrolysis products တွေအပေါ်မှာ သက်ရောက်တဲ့ အချက်တွေကို Table (1) မှာ ဖော်ပြထားပါတယ်။
Table 1 Summary of Effects on Electrolysis Products
Electrolytes & Their Ions |
Electrodes and Their Reactions |
Deciding Factor |
|||
Anode |
Anode Reaction |
Cathode |
Cathode Reaction |
||
(1) Fused NaCl (Na+, Cl-) |
Pt (or) graphite |
2Cl-®Cl2+2`e |
Pt (or) graphite |
Na++`e ® Na |
- |
(2) Dilute Aqueous NaCl solution (Na+, Cl-, H+, OH-) |
Pt (or) graphite |
4OH-® 2H2O+O2+4`e |
Pt (or) graphite |
2H++2`e ® H2 |
E.C.S. |
(3) Saturated NaCl solution (brine) (Na+, Cl-, H+, OH-) |
Pt (or) graphite |
2Cl-®Cl2+2`e |
Pt (or) graphite |
2H++2`e ® H2 |
Concentration effect |
graphite |
2Cl-®Cl2+2`e |
Mercury |
Na+ +`e ® Na Na+Hg®Na/Hg |
Nature of electrode & concentration effects |
Faraday’s laws တွေကို အသုံးပြုပြီး သတ္တုဒြပ်စင်တွေရဲ့ relative atomic mass ၊ cathode ပေါ်မှာကပ်တင်တဲ့ သတ္တုပမာဏ၊ electrolysis လုပ်နေစဉ် အသုံးပြုတဲ့လျှပ်စစ်ပမာဏ နဲ့ anode မှာထွက်လာတဲ့ ဓာတ်ငွေ့ထုထည်တွေကို တွက်ယူနိုင်ပါတယ်။Electroplating မှာ အသုံးပြုထားတဲ့ electrolytes တွေ၊anode မှာသုံးတဲ့metalsတွေ၊electrode reactions တွေကိုသိရှိနားလည်ထားဖို့
လိုအပ်ပါတယ်။ object (ကပ်တင်ခံမည့်ပစ္စည်း) ကိုတော့ cathode မှာဘဲထားရမယ်ဆိုတာ သေချာစွာ မှတ်သားထားစေလိုပါတယ်။
Chapter (5) Oxidation and Reduction အခန်းမှာတော့ Oxidation နဲ့ Reduction တွေရဲ့ အဓိပ္ပာယ်တွေကို ရှုထောင့်အမျိုးမျိုးမှ ဖွင့်ဆိုသတ်မှတ်နိုင်ပါတယ်။ ဒြပ်စင်တွေ၊ ဒြပ်ပေါင်းတွေနဲ့ ions တွေမှာရှိတဲ့ elements တွေရဲ့ oxidation number တွက်ပုံတွက်နည်းကို လေ့ကျင့်ထား ရပါမယ်။ oxidation number ကိုရေးရင် သင်္ချာဂဏန်းရဲ့ ရှေ့မှာ (-) သို့မဟုတ် (+) လက္ခဏာ ထည့်ပြီးဖော်ပြရပါမယ်။ ions တွေရဲ့ charge ကိုရေးရင်တော့ သင်္ချာဂဏန်းရဲ့နောက်မှာ လက္ခဏာ ထည့်ရပါမယ်။
ဓာတ်တိုးစေသောပစ္စည်း (Oxidizing agent)၊ ဓာတ်လျှော့စေသောပစ္စည်း (Reducing agent) ခြားနားချက်တွေကတော့`e တွေကိုလက်ခံတဲ့ပစ္စည်း သို့မဟုတ် တခြားပစ္စည်းတွေကို ဓာတ်တိုးစေပြီး ကိုယ်တိုင်ဓာတ်လျှော့ရင် Oxidizing agent ဖြစ်ပြီး၊`e ကို ထုတ်ပေးတဲ့ပစ္စည်း သို့မဟုတ် တစ်ခြားပစ္စည်းတွေကို ဓာတ်လျော့စေပြီး ကိုယ်တိုင်ဓာတ်တိုးရင် Reducing agent ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ Oxidizing agentနဲ့Reducing agent တွေပေးထားရင်လည်း မှန်ကန်စွာရွေးတတ်ရပါမယ်။ ဓာတ်တိုးဓာတ်လျော့ညီမျှခြင်းညှိရာမှာ ညှိပုံ (၂) မျိုး oxidation number method နဲ့ half-reaction method ရှိပါတယ်။ မေးခွန်းမှာ ဘယ်နည်းနဲ့မေးမေး၊ အဆင့်ဆင့် မှန်ကန်စွာဖြေဆိုနိုင်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။
Chapter (6) Rates of Reactions and Equilibria အခန်းမှာတော့ ဓာတ်ပြုနှုန်းနဲ့ ဓာတ်ပြု မျှခြေဆိုင်ရာ အကြောင်းအရာများ ပါဝင်ပါတယ်။ ဓာတ်ပြုနှုန်းဆိုတာ အချိန်တစ်ယူနစ်အတွင်း ပြောင်းလဲသွားတဲ့ ဓာတ်ပြုပစ္စည်းနဲ့ ဓာတ်ဖြစ်ပစ္စည်းများရဲ့ ပါဝင်ကိန်းကို ဆိုလိုခြင်းဖြစ်တယ်။ ဓာတ်ပြုနှုန်းနှေးရင် အချိန်ကြာပြီး၊ ဓာတ်ပြုနှုန်းမြန်ရင် အချိန်တိုပါတယ်။ ဒါကြောင့်လည်း ဓာတ်ပြုနှုန်းဟာ အချိန်နဲ့ ပြောင်းပြန်အချိုးကျတယ်ဆိုတာ သိထားရပါမယ်။
ဓာတ်ပြုနှုန်းအပေါ်မှာ သက်ရောက်နေတဲ့ အချက် (၆) ချက်ဖြစ်တဲ့ concentration of reactants၊ pressure၊ temperature၊ catalyst၊ radiation နဲ့ surface area of reactants စတဲ့ အချက်တွေရဲ့ rate အပေါ်သက်ရောက်မှုကိုလည်း သေချာသိထားဖို့ လိုပါတယ်။
Effect of concentration of reactants နဲ့ပတ်သက်လို့ ဓာတ်ပြုပစ္စည်းတွေရဲ့ ပါဝင် ကိန်းများရင် ဓာတ်ပြုနှုန်းမြန်တယ်ဆိုတဲ့အချက်ကို သိထားရမယ်။ ဓာတ်ပြုခြင်းတစ်ခုဖြစ်ဖို့အတွက် ဓာတ်ပြုပစ္စည်း (reactants) ထဲမှာရှိတဲ့ particles (atoms၊ molecules၊ ions) များအချင်းချင်း သင့်တော်တဲ့အနေအထားနဲ့ ထိတိုက်မှုတွေရှိရပါမယ်။ အဲ့ဒီလိုထိတိုက်မှုတွေများမှ ဓာတ်ပြုနှုန်း မြန်မယ်ဆိုတာ Collision Theory မှာ ဖော်ပြထားတယ်။
Pressure ရဲ့ သက်ရောက်မှုကိုပြောမယ်ဆိုရင် ဓာတ်ငွေ့များပါဝင်တဲ့ ဓာတ်ပြုခြင်းများနဲ့သာ သက်ဆိုင်ပြီး solids၊ liquids နဲ့ aqueous solutions များအပေါ် သက်ရောက်မှုမရှိနိုင်တာကို သိထားရပါမယ်။ ဖိအားများရင် particles တွေရဲ့ ထိတိုက်မှုတွေများပြီး ဓာတ်ပြုနှုန်းတွေ မြန်ပါတယ်။
Temperature သက်ရောက်မှုမှာတော့ အပူချိန်များလာရင် ဓာတ်ပြုပစ္စည်းများရဲ့ particles တွေ ထိတိုက်မှုပိုများပြီး ဓာတ်ပြုနှုန်းကိုပိုမြန်စေပါတယ်။ ဥပမာအားဖြင့် ရေခဲသေတ္တာထဲမှာ အစား အစာများကို သိမ်းဆည်းထားခြင်းဖြင့် ပုပ်သိုးပျက်စီးမှုပိုမိုပြီး နှေးကွေးတာကို သတိပြုမိရပါမယ်။ အထူးသဖြင့် ထိတိုက်မှုဖြစ်မယ့် particles တွေမှာ လုံလောက်တဲ့ energy နဲ့ proper orientation (သင့်တော်တဲ့အနေအထား) ရှိနေမှသာ ပြီးပြည့်စုံတဲ့ ဓာတ်ပြုခြင်းတစ်ခု ဖြစ်လာစေမှာဖြစ်တယ်။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် အပူချိန် (၁၀) ဒီဂရီတိုးတိုင်း ဓာတ်ပြုနှုန်း (၂)ဆ မြန်တယ်လို့ ဆိုထားပါတယ်။
Effect of catalysts မှာတော့ catalyst ကြောင့် ဓာတ်ပြုနှုန်းကို ပြောင်းလဲစေနိုင်တာကို သိထားရပါမယ်။ Catalyst မှာ ဓာတ်ပြုနှုန်းကိုမြန်စေတဲ့ catalyst (positive catalyst) နဲ့ နှေးစေတဲ့ catalyst (negative catalyst) ဆိုပြီး (၂) မျိုးရှိပါတယ်။ သက်ရှိများရဲ့ တစ်ရှူးများမှာတော့ enzymes (biocatalysts) တွေရှိပါတယ်။
Radiation ရဲ့ သက်ရောက်မှုအနေနဲ့ အချို့သောဓာတ်ပြုခြင်းတွေမှာသာတွေ့ရပြီး အဆိုပါ radiation ရဲ့ energy (hυ) ကိုစုပ်ယူပြီးမှ ဓာတ်ပြုခြင်းဖြစ်နိုင်တာကို (Photochemical reaction) လို့ခေါ်ပြီး H2နဲ့ Cl2ဓာတ်ပြုခြင်းဥပမာနဲ့ သိနိုင်ပါတယ်။
Surface area of reactants ရဲ့ သက်ရောက်မှုကတော့ surface area များလေလေ ထိတိုက်မှုတွေပိုများပြီး ဓာတ်ပြုနှုန်းမြန်တာကိုတွေ့ရပါမယ်။ မျက်နှာပြင်ဧရိယာကလည်း ပမာဏ တူတဲ့ ပစ္စည်းတွေမှာ အရွယ်အစားသေးလေလေ မျက်နှာပြင်ဧရိယာများပြီး Al foil/Al powder တို့နဲ့ NaOH ဓာတ်ပြုခြင်းမှာ အလွယ်တကူ လေ့လာသိရှိနိုင်ပါတယ်။
Equilibria အပိုင်းမှာတော့ ဓာတ်ပြုခြင်းအများစုဟာ အပြန်အလှန်ဓာတ်ပြုခြင်းဖြစ်တယ် ဆိုတာ သိရပြီး forward reaction နဲ့ reverse reaction ရဲ့ ဓာတ်ပြုနှုန်းများ တူညီတဲ့ အခြေအနေဟာ မျှခြေအခြေအနေဖြစ်တယ်ဆိုတာ သိရပါမယ်။ အဆိုပါမျှခြေ အခြေအနေကို ရောက်ပြီဆိုရင် ပါဝင်ပစ္စည်းများရဲ့ ပါဝင်ကိန်းများ နောက်ထပ်ပြောင်းလဲခြင်း မရှိနိုင်တော့ပါဘူး။ ဒါပေမဲ့ ဓာတ်ပြု ခြင်းဟာ ရပ်တန့်သွားတာမဟုတ်ပါဘူး။ တူညီတဲ့နှုန်းများနဲ့ဖြစ်နေတာ ဖြစ်ပါတယ်။ Dynamic equilibrium အခြေအနေပဲ ဖြစ်ပါတယ်။
အဆိုပါမျှခြေကို ပျက်ယွင်း/ပြောင်းလဲစေတဲ့ အချက် (၃) ချက် - temperature၊ pressure and concentration ဆိုပြီးရှိပါတယ်။ အဆိုပါ အချက် (၃) ချက်မှ တစ်ချက်ကိုပြောင်းရုံဖြင့် မျှခြေရဲ့ လားရာပြောင်းနိုင်တာကို Le Chatelier’s Principle က ရှင်းပြပေးထားပါတယ်။
မျှခြေအခြေအနေမှာရှိနေတဲ့ ဓာတ်ပြုခြင်းကို temperature တိုးလိုက်တဲ့အခါ အပူစုပ် ဓာတ်ပြုခြင်းကို ဦးစားပေးပြီး မျှခြေဟာ ယာယီပျက်ယွင်းသွားပါတယ်။ ပြီးမှ မျှခြေအခြေအနေသစ် တစ်ခုကို ရောက်ရှိသွားပါတယ်။ အပူချိန်လျော့ရင်တော့ အပူထုတ်ဓာတ်ပြုခြင်းကို ဦးစားပေး ဖြစ်စေမှာ ဖြစ်ပါတယ်။
Pressure ရဲ့ သက်ရောက်မှုကတော့ ဓာတ်ငွေ့ပါတဲ့ဓာတ်ပြုခြင်းများနဲ့သာ သက်ဆိုင်မှာ ဖြစ်ပါတယ်။ ဖိအားကိုတိုးခဲ့မယ်ဆိုရင် Boyle’s Law အရ ထုထည်ကျုံ့စေမှာဖြစ်ပြီး ထုထည်နည်းတဲ့ ဓာတ်ပြုခြင်းကို ဦးစားပေးဖြစ်ပေါ်မှာဖြစ်ပါတယ်။ ဖိအားလျော့ခဲ့ရင် ထုထည်များတဲ့ဘက်ကို ဦးတည်စေမှာဖြစ်ပါတယ်။ Reactant နဲ့ product တွေရဲ့ထုထည်တူညီခဲ့ရင်တော့ ဖိအား သက်ရောက်မှု မရှိနိုင်ပါဘူး။
Concentration effect အနေနဲ့ reaction mixture ထဲမှာပါတဲ့ reactant သို့မဟုတ် product တစ်ခုခုရဲ့ ပါဝင်ကိန်းကိုတိုးလိုက်ရင် အဆိုပါတိုးလိုက်တဲ့ concentration ကို အသုံးပြုပြီး ပါဝင်ကိန်း နည်းတဲ့ဘက်ကိုဦးတည်ပြီး မျှခြေအခြေအနေသစ်တစ်ခုကို ရောက်ရှိမှာဖြစ်ပါတယ်။
Chapter (7) မှာတော့ Energy Changes in Chemical Reactions တွေကို ဖော်ပြထားပါတယ်။ Energy အမျိုးအစားများနဲ့ ဓာတ်ပြုခြင်းတစ်ခုဖြစ်ပေါ်လာရင် အပူထွက်ခြင်း အပူစုပ်ခြင်း ဖြစ်တာတွေကိုတွေ့ရပါမယ်။ ဓာတ်ပြုခြင်းတစ်ခုဖြစ်လို့ ပတ်ဝန်းကျင်ကို အပူတွေထွက်လာရင် exothermic reactions ဖြစ်ပြီး အပူပြောင်းလဲခြင်းတန်ဖိုးကို အနုတ် လက္ခဏာနဲ့ ဖော်ပြရတယ်။ အကယ်၍ ဓာတ်ပြုခြင်းတစ်ခုဖြစ်ဖို့ ပတ်ဝန်းကျင်က အပူကိုစုပ်ယူရရင် endothermic reactions ဖြစ်ပြီး အပူပြောင်းလဲခြင်းတန်ဖိုးကို အပေါင်းလက္ခဏာနဲ့ ပြရပါမယ်။
ဓာတ်ပြုခြင်းတစ်ခုဖြစ်ပေါ်တဲ့အခါ heat absorbed သို့မဟုတ် heat released ဖြစ်ခြင်းကို constant pressure မှာလေ့လာခဲ့ရင် enthalpy change (DH) လို့သတ်မှတ်တယ်။ အကယ်၍ standard temperature (25 °C/298 K) နဲ့ standard pressure (1 atm/760 mmHg) မှာလေ့လာ မယ်ဆိုရင် Standard enthalpy change (DHq) ဖြစ်တယ်ဆိုတာ သတိပြုရပါမယ်။ Thermochemical equations တွေကိုရေးသားတဲ့အခါမှာ ဓာတ်ပစ္စည်းတွေရဲ့ အပူပြောင်းလဲခြင်းကို ဖော်ပြတဲ့အပေါင်း သို့မဟုတ် အနုတ်လက္ခဏာများ၊ physical states တွေကို ထည့်ပေးဖို့လည်း လိုအပ်ပါတယ်။
ဓာတ်ပြုခြင်းအမျိုးမျိုးမှရလာတဲ့ heat changes တွေမှာ heat of combustion၊ heat of formation of a compound နဲ့ heat of neutralization ဆိုပြီး(၃) မျိုး လေ့လာရပါမယ်။ ယင်းတို့ရဲ့ symbols ၊ units ၊ DHqတန်ဖိုးများကို (-) (သို့မဟုတ် (+) ( လက္ခဏာများဖြင့်ဖော်ပြခြင်းများကို နားလည်သိရှိ မှတ်သားထားရပါမယ်။
Hess’s law ပုစ္ဆာတွေနဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်တွေကတော့ ပေးထားချက်နဲ့ နောက်ဆုံးအဖြေဟာ heat of formation သို့မဟုတ် heat of combustion လားဆိုတာကို မေးခွန်းမှာသေသေချာချာဖတ်ပြီးမှ ဓာတ်ပြုညီမျှခြင်းရေးခြင်း၊ ညှိခြင်း၊ DHqတန်ဖိုးများ ဖော်ပြခြင်း တို့ ပြုလုပ်ရပါမယ်။ Physical state ၊ Standard enthalpy change (DHq) ရဲ့ လက္ခဏာများနဲ့ unit များကို ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြရပါမယ်။ Heat of combustion မှာ oxygen gas နဲ့ ပေါင်းစပ်မယ့် element သို့မဟုတ် compound ဟာ 1 mole သာဖြစ်ရမယ်။ Heat of formation မှာ product compound က 1 mole ဖြစ်ရမယ်ဆိုတာတွေကို သတိပြုရပါမယ်။ Compound 1 mole ဖြစ်ဖို့ elements များသာ ပေါင်းစပ်ရ မယ်ဆိုတာလည်း သတိပြုရပါမယ်။ Heat of combustion နဲ့ Heat of formation တွေအတွက် unit ဟာ kJ mol-1ဖြစ်ပြီး heat of formation ကို သင်္ကေတ
Chapter (8) Some Important Metals and their Compounds နဲ့ Chapter (9) Metal Reactivity ကတော့ metallurgy (သတ္တုဗေဒ) နဲ့ ပတ်သက်တဲ့အခန်းတွေဖြစ်ပါတယ်။ Metal တွေကို သူတို့ရဲ့ သတ္တုရိုင်း (Ores) တွေ မှ ထုတ်ပုံ၊ metal တွေရဲ့ reactivity ပေါ်မူတည်ပြီး ဘယ်သတ္တုတွေကို electrolysis နည်းနဲ့ထုတ်မယ်၊ ဘယ်သတ္တုတွေကို reduction နည်းနဲ့ထုတ်မယ်၊ ဘယ်သတ္တုတွေကို သဘာ၀အတိုင်း တွေ့ရှိနိုင်တယ်ဆိုတာကို လေ့လာထားရပါမယ်။ သတ္တုတွေနဲ့ အက်ဆစ်၊ လေ (အောက်ဆီဂျင်)၊ ရေ၊ ရေငွေ့တို့နဲ့ ဓာတ်ပြုနိုင်စွမ်းသတ္တိတွေကို ဖော်ပြထားတဲ့ reactivity series ကိုလည်း သေသေချာချာသိထားရပါမယ်။ Ores တွေနဲ့ ores ထဲမှာအများဆုံးပါတဲ့ ဒြပ်ပေါင်းတွေရဲ့ အမည်တွေ၊ chemical formula တွေ၊ သတ္တုရိုင်းမှ သတ္တုထုတ်ဖော်တဲ့နည်းစဉ်တွေ ယင်းသတ္တုများပါတဲ့ ဒြပ်ပေါင်းထုတ်ဖော်ပုံတွေ၊ ယင်းတို့ရဲ့ အသုံးပြုပုံတွေအပြင် ဓာတ်ပြုညီမျှခြင်း တွေကိုလည်း လေ့လာထားရမှာဖြစ်ပါတယ်။Steel အမျိုးအစား (5) မျိုး၊ alloys (သတ္တုစပ်များ) နဲ့ ယင်းတို့ရဲ့ composition တွေ၊ properties တွေနဲ့ အသုံး၀င်ပုံတွေကိုလည်း သေသေချာချာ သိဖို့ လိုပါတယ်။ ပြီးတော့ သံချေးတက်ခြင်းအကြောင်းနဲ့ သံချေးတက်ခြင်းကို ကာကွယ်ခြင်း၊ recycling metals (Al & Fe) အကြောင်းတွေကို လေ့လာထားဖို့ လိုပါတယ်။
Chapter (10) Nitrogen and its Compounds၊ Chapter (11) Sulphur and its Compounds နဲ့ Chapter (12) The Halogens အခန်းတွေကတော့ N2၊ NH3၊N2O၊ NO၊NO2၊ H2S၊ SO2၊ Cl2၊Br2နဲ့ I2 ဆိုင်ရာ ဓာတ်ခွဲခန်းဓာတ်ငွေ့ထုတ်ဖော်ပုံ၊ Manufacturing processes တွေဖြစ်တဲ့ Haber Process for NH3၊ Ammonia-Oxidation Process for HNO3၊Contact process for H2SO4နဲ့ Cl2အမြောက်အမြား ထုတ်ဖော်ခြင်းတွေကို လေ့လာထားရမှာဖြစ်ပါတယ်။
ယင်းတို့နှင့်ဆိုင်သော physical and chemical properties နှင့် uses တွေကို သေသေ ချာချာ မှတ်သားထားရပါမယ်။ ဓာတ်ငွေ့စုဆောင်းတဲ့နည်းတွေကိုလည်း သက်ဆိုင်ရာ ဓာတ်ငွေ့တွေ ရဲ့ ရုပ်ဂုဏ်သတ္တိတွေနဲ့ယှဉ်တွဲပြီး မှတ်ထားရပါမယ်။
Chapter (13) Acids, Bases and their Neutralization မှာတော့ acid၊ base တို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုး၊ proton ထုတ်ပေးနိုင်မှုအပေါ် အခြေခံတဲ့ strong acid နဲ့ weak acid၊ pure acid ပါဝင်မှုပေါ် အခြေခံတဲ့ concentrated acid နဲ့ dilute acid တို့ရဲ့ ခြားနားမှု၊ ionic product of water (Kw) ရဲ့ mathematical expression၊ numerical value တို့ကို သိထားရပါမယ်။ အပူချိန်တစ်ခုမှာ Kw တန်ဖိုး ကိန်းသေဖြစ်တယ်။ အပူချိန်ပြောင်းရင် Kw တန်ဖိုးပြောင်းတယ် ဆိုတာလည်းသိထားရပါမယ်။
pH နဲ့ pOH တို့ရဲ့ သဘောတရားဖွင့်ဆိုချက်အပြင် pH နဲ့ pOH တို့ရဲ့တန်ဖိုးကိုကြည့်ပြီး ပျော်ရည်တစ်ခုဟာ acid လား၊ base လား ခွဲခြားဖို့ အသုံးပြုနိုင်ပါတယ်။ pH တန်ဖိုး 7 ထက်ငယ်ရင်တော့ acid ပျော်ရည်၊ pH တန်ဖိုး 7 ထက်ကြီးရင်တော့ alkaline/base ပျော်ရည်များ ဖြစ်တယ်။ pH 7 မှာဆိုရင်တော့ ရေသန့် (သို့) neutral ပျော်ရည်ဖြစ်ပါတယ်။ Acid တွေရဲ့ပြင်းအား ကို Ka (dissociation constant) သို့မဟုတ် pKaနဲ့ပြနိုင်သလို base/alkaline ပျော်ရည်တွေရဲ့ ပြင်းအားကို Kb/pKbနဲ့ ဖော်ပြနိုင် ပါတယ်။ Acid, base တွေရဲ့ pH၊ pOH၊ [H+]၊ [OH-]၊ pKa၊ Ka ရှာတဲ့ ပုစ္ဆာတွက်တွေကိုလည်းmathematical formula တွေမှန်ကန်စွာရေးပြီး တွက်နိုင်ရပါမယ်။ ဆား အမျိုးအစား (၄) မျိုးဖြစ်တဲ့ strong acid and strong base၊ strong acid and weak base၊ weak acid and strong base၊ weak acid and weak base တို့ ရဲ့ဆားတွေ ရေသွင်းဖြိုခွဲခြင်းဖြစ်တဲ့အခါ pH တန်ဖိုးမတူညီရတဲ့အကြောင်းရင်းတွေကို ဆားနမူနာများနဲ့ အကျိုးအကြောင်း ဆက်စပ် ဖြေရှင်းတတ်ဖို့လိုပါတယ်။
Chapter (14) Organic Chemistry အခန်းမှာတော့ alkanes၊ alkenes၊ alkynes နဲ့ alcohols တွေကို ပါဝင်တဲ့ carbon လုံးရေအလိုက် graphic structure၊ molecular structure နဲ့ molecular formula ရေးပုံ၊ isomers တွေရဲ့ တည်ဆောက်ဖွဲ့စည်းပုံ၊ ယင်းတို့ရဲ့ nomenclature (Trivial, Derivatives and IUPAC systems) စသည်တို့ဖြင့်အမည်ပေးပုံ၊ ယင်း hydrocarbons ဒြပ်ပေါင်းထုတ်ယူနည်းများနဲ့ ယင်းတို့ရဲ့ ဂုဏ်သတ္တိတွေကို လေ့လာထားရပါမယ်။ ယင်းဒြပ်ပေါင်း များထုတ်ယူနည်းနဲ့ ဓာတ်ဂုဏ်သတ္တိတွေမှာပါတဲ့ ဓာတ်ပြုခြင်း အမျိုးအစား (substitution၊ addition reactions) တွေ၊ ဒြပ်ပေါင်းတစ်ခုမှတစ်ခု ပြောင်းလဲခြင်း (conversion)၊ ခွဲခြားခြင်း တွေကို သေသေချာချာလေ့ကျင့်ထားရပါမယ်။ ခွဲခြားခြင်းတွေမှာတော့ alkane & alkene၊ alkane & alkyne၊ alkene & alkyne၊ alkynes အချင်းချင်းခွဲခြားတတ်အောင်၊ ခွဲခြားရာမှာ မျက်စိနဲ့မြင်ရပြီး သိသာထင်ရှားတဲ့အရောင်ပြောင်းလဲမှု၊ အနည်ကျမှုတို့ပါတဲ့ ဓာတ်ပြုခြင်းတွေကိုသာ အသုံးပြုရ ပါမယ်။ နောက်ထပ်သတိပြုရမယ့် အချက်ကတော့ ဓာတ်ပြုညီမျှခြင်းများရေးရင် အော်ဂဲနစ် ဒြပ်ပေါင်းများရဲ့အမည်၊ ဓာတ်ပြုအခြေအနေအပြည့်အစုံ ထည့်ရေးပေးဖို့လိုအပ်ပါတယ်။
Petroleum industry and petrochemicals အကြောင်းနဲ့ ပတ်သက်ပြီး non-renewable energy source များဖြစ်တဲ့ fossil fuels (crude oil၊ natural gas၊ coal) ဖြစ်ပေါ်ပုံ၊ crude oil ကို fractional distillation နည်းစဉ်ဖြင့် သန့်စင်ခြင်း၊ ယင်းနည်းစဉ်ဖြင့် ရလာတဲ့ hydrocarbons နဲ့
ယင်းတို့ရဲ့ အသုံးဝင်ပုံ၊ kerosene၊ diesel တို့ကို catalytic cracking နည်းစဉ်သုံးပြီး gasoline ပြောင်းလဲနိုင်ပုံ၊ gasoline၊ methanol (liquid fuels) ရဲ့ flash point နဲ့ ignition temperature ခြားနားချက်တွေကို သိထားဖို့လိုပါတယ်။
အစားထိုးလောင်စာဆီများဖြစ်တဲ့ methanol မှ ထုတ်ယူရရှိတဲ့ gasoline၊ diesel တွေရဲ့ အကြောင်းအရာတွေကိုလေ့လာမှတ်သားထားဖို့လိုပါတယ်။ဒါ့အပြင်transesterificationနည်းစဉ်ဖြင့် biodiesel ထုတ်ယူခြင်း၊ anaerobic fermentation နည်းဖြင့် biogas ထုတ်ယူခြင်း၊ ကျောက်မီးသွေးဖြစ်စဉ်အမျိုးမျိုးနဲ့ ကျောက်မီးသွေးမှ ရနိုင်တဲ့ chemicals တွေအကြောင်း၊ အဲဒီ chemical တွေရဲ့ အသုံးဝင်ပုံ၊ crude oil၊ diesel၊ LPG၊ CNG၊ biodiesel၊ biogas၊ zeolite ZSM-5၊ coal နဲ့ coal gas တွေရဲ့ composition တွေကို သိရှိထားရပါမယ်။
Chapter (15) Chemistry in Society ဆိုတဲ့ လူနေမှုဘဝနဲ့ ဓာတုဗေဒဘာသာရပ်တို့ ဆက်သွယ်နေပုံကို လေ့လာတဲ့အခန်းမှာတော့ အပင်တွေကြီးထွားဖို့ လိုအပ်နေတဲ့ elements အကြောင်းတွေ၊ အပင်တွေအသက်ရှင်နေထိုင်နိုင်ဖို့ လိုအပ်တဲ့သကြားဓာတ် (C၊ H၊ O) ကို photosynthesis မှ ရရှိပုံ၊ သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာတို့ဟာ အပင်တွေရဲ့ အသီး၊ အပွင့်၊ အရွက်ကြီးထွားမှုကို အားပေးပုံ၊ Classification of chemical fertilizers၊ production of urea နဲ့ reaction in the soil၊ insecticides အမျိုးအစားတွေနဲ့ အပင်ကြီးထွားမှုကို အားပေးတဲ့ growth substances တွေကို သိထားဖို့လိုအပ်ပါတယ်။
Cement ထုတ်ဖော်ပုံအဆင့်ဆင့်၊ cement ထုတ်ဖော်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းတွေ၊ Plaster of Paris ရဲ့ composition၊ ထုတ်ဖော်ပုံနဲ့ ဂုဏ်သတ္တိတွေ၊ ပင်လယ်ရေထဲမှာ ပါဝင်တဲ့ ဆားများနဲ့ ပင်လယ်ရေမှ ဆားထုတ်ဖော်နည်းများအကြောင်းတွေ ပါဝင်ပါတယ်။ဒါ့အပြင် plastics and polymers အပိုင်းမှာတော့ natural polymers နဲ့ synthetic polymers တွေ၊ မျိုးတူတဲ့ monomers အချင်းချင်းပေါင်းပြီး homopolymer (addition polymer) ဖြစ်ပေါ်လာပုံ၊ မျိုးမတူတဲ့ monomers အချင်းချင်းပေါင်းပြီး copolymer (condensation polymer) ဖြစ်ပေါ်လာပုံတွေ သိရှိနားလည်ရပါမယ်။မျိုးတူ monomer တွေကို addition polymerization reaction သုံးပြီး PE၊ PP၊ PVC၊ PTFE၊ PS အစရှိတဲ့ addition polymer ပြုလုပ်ပုံ၊ မျိုးမတူတဲ့ monomer နှစ်ခုပေါင်းပြီး ရေမော်လီကျူးဖယ်တဲ့ condensation polymerization နည်းဖြင့် nylon၊ polyester စတဲ့ condensation polymer ပြုလုပ်ပုံနဲ့ ပါဝင်တဲ့ ဓာတ်စည်းအမျိုးအစား၊ addition နဲ့ condensation polymer တွေရဲ့ ဂုဏ်သတ္တိနဲ့ အသုံးပြုပုံတွေကို လေ့လာမှတ်သားထားရပါမယ်။ Thermoplastic နဲ့ Thermosetting polymers တွေကို ပြန်လည်အသုံးချတဲ့ နည်းတွေကိုလည်း လေ့လာမှတ်သားဖို့ လိုပါတယ်။ နောက်ဆုံးအနေနဲ့ ဆပ်ပြာချက်ခြင်း အကြောင်း၊ soapless detergent အကြောင်းနဲ့ ယင်းတို့ရဲ့ချေးချွတ်နိုင်စွမ်းသတ္တိအကြောင်းတွေကိုတည်ဆောက်ပုံများနဲ့တကွရှင်းလင်းထားတာတွေကိုသိရှိထားသင့်ပါတယ်။
အကြံပြုချက်
အခု Chapter တစ်ခုချင်းအလိုက် လေ့လာမှတ်သားရမယ့် အကြောင်းအရာတွေနဲ့ သတိပြုရမယ့်အချက်တွေကို အသေးစိတ်ဆွေးနွေးပြီးဖြစ်တဲ့အတွက် တပည့်တို့အနေနဲ့ ဘယ်လို လေ့လာမှတ်သားသင့်တယ်ဆိုတာ သဘောပေါက်ပြီထင်ပါတယ်။ ဒါကြောင့် chapter တစ်ခုချင်း အသေးစိတ်သေချာစွာလေ့လာဖို့၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်တတ်ဖို့ လိုအပ်တဲ့အပြင် ပြဋ္ဌာန်း စာအုပ်မှာပါတဲ့ပုစ္ဆာတွေ၊ မေးခွန်းဟောင်းတွေကိုပါ လေ့ကျင့်ထားဖို့လိုပါတယ်။ ထပ်မံသတိပေး လိုတာကတော့ ပုစ္ဆာတွက်တဲ့အခါ လိုအပ်တဲ့နေရာတွေမှာ unit များထည့်ဖို့၊ ပုံသေနည်းများကို ပြည့်စုံအောင်ရေးဖို့၊ သက်ဆိုင်ရာမေးခွန်းပုစ္ဆာနံပါတ်ကို ဖော်ပြရေးသားဖို့ သတိပြုရပါမယ်။ အမှတ် များများလိုချင်ရင်ပြဋ္ဌာန်းစာအုပ်ထဲက အခန်း (၁၅) ခန်းလုံးကို စေ့စပ်သေချာစွာ သိထားဖို့လိုပါ တယ်။
ဆရာ၊ ဆရာမများရဲ့ သင်ကြားပြသမှုနဲ့ မိမိတို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ပေါင်းစပ်ပြီး အခုဆွေးနွေးပေးလိုက်တဲ့ ဆွေးနွေးချက်အတိုင်း လေ့ကျင့်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒီ ၂၀၂၃ ခုနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဓာတုဗေဒဘာသာရပ်ကို အခက် အခဲမရှိ ကောင်းမွန်မှန်ကန်စွာဖြေဆိုနိုင်ပြီး အမှတ်များများနဲ့အောင်မြင်မှု ရရှိနိုင်ကြပါစေလို့ ဆုမွန် ကောင်း တောင်းရင်း ဒီမှာပဲရပ်နားလိုက်ပါမယ်။