မန္တလေးဈေးကွက်အတွင်း သကြားအရောင်းအဝယ် ကောင်းမွန်လာပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၈၃၀ ပေါက်ဈေးရှိလာ

မန္တလေးဈေးကွက်အတွင်း သကြားအရောင်းအဝယ် ကောင်းမွန်လာပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၈၃၀ ပေါက်ဈေးရှိလာ

မန္တလေးဈေးကွက်အတွင်း သကြားအရောင်းအဝယ် ကောင်းမွန်လာပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၈၃၀ ပေါက်ဈေး ရှိလာကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း (မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးထံမှ သိရသည်။

မန္တလေးဈေးကွက်အတွင်း ဇန်နဝါရီလ နောက်ဆုံးပတ်က သကြားအရောင်းအဝယ်မှာ ပုံမှန်သာရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ်မှစ၍ သကြားအရောင်းအဝယ် ကောင်းမွန်လာပြီး ဈေးကောင်းရရှိလာကြောင်း သိရသည်။

“မန္တလေးဈေးကွက်ထဲမှာ သကြားက ကုန်စည်လက်ကျန် ပြတ်တာမျိုးတော့ မရှိပါဘူး။    အခုလတ်တလောကတော့ မန္တလေး ဈေးကွက်ထဲမှာ ကုန်သည်တွေ အဝယ်များလာတာကြောင့်   သကြားလက်ကျန်ပြန်ပြီး နည်းပါးလာတယ်။ သကြား အရောင်းအဝယ်ကလည်း  ပြန်ပြီးကောင်းလာတော့ ဈေးကောင်းလည်း ပြန်ရနေတယ်။ သကြားဈေးနှုန်းကတော့ အရောင်းအဝယ် ကောင်းရင်ကောင်းသလို ဈေးကောင်းလည်းရပါတယ်” ဟု ဦးဝင်းဌေးကပြောသည်။

မန္တလေးဈေးကွက်အတွင်း ဇန်နဝါရီလ နောက်ဆုံးပတ်က   သကြားဈေးနှုန်းမှာ တစ်ပိဿာလျှင်  ငွေကျပ် ၂၆၅၀  သာ ပေါက်ဈေးရှိခဲ့သော်လည်း  ယနေ့တွင် သကြား တစ်ပိဿာလျှင် ငွေကျပ် ၂၈၃၀ ပေါက်ဈေး ရှိလာသည်။

ပြည်တွင်း၌ အရည်အသွေး ကောင်းမွန်သည့်   သကြားအများဆုံး ထွက်ရှိသော တိုင်းဒေသကြီး များမှာ   မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။