မျိုးဆက်သစ်ကြက်တောင်ရိုက် အားကစားသမားများ ပေါ်ထွန်းလာစေရေး ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ

မျိုးဆက်သစ်ကြက်တောင်ရိုက် အားကစားသမားများ ပေါ်ထွန်းလာစေရေး ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ

    မျိုးဆက်သစ် ကြက်တောင်ရိုက် အားကစားသမားများ   ပေါ်ထွန်းလာစေရေး အတွက်  အောင်ကြက်တောင်ကလပ်မှ ကြီးမှူးကျင်းပသော Volini Smash-It သက်တန်းအလိုက်  ကြက်တောင်ရိုက် ပြိုင်ပွဲဖွင့်ပွဲကို  ဖေဖော်ဝါရီ  ၁၁  ရက် နံနက်ပိုင်းတွင်  ချမ်းမြသာစည်မြို့နယ် ၆၈(A)နှင့် ၁၁၄ လမ်းထောင့်ရှိ  ကြက်တောင် အားကစားရုံ၌ ကျင်းပသည်။

ပြိုင်ပွဲတွင်  အားကစားသမားများက ကွင်းအတွင်းနေရာယူကာ အောင်ကြက်တောင် ကလပ်ဥက္ကဋ္ဌနှင့်ပြိုင်ပွဲဖြစ်မြောက်ရေး ပံ့ပိုးကူညီသော SUN  ဆေးဝါးကုမ္ပဏီမှ မန်နေဂျာတို့က အမှာစကားပြောကြားပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

အဆိုပါပြိုင်ပွဲတွင်   မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများနှင့်    ကိုယ်ပိုင်ကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ ၁၃၂ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲသို့    မန္တလေးတိုင်းဒေသကြီး ကြက်တောင် ဆပ်ကော်မတီဝင်များ၊ အခြေခံ ပညာကျောင်းများမှ ကာယဆရာ၊ ဆရာမများ၊ တက္ကသိုလ်များမှ အားကစားနည်းပြများ၊  အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။