ပရီးမီးယားလိဂ်ပွဲ ၄၀၀ ပြည့်မြောက်သည့် ပထမဆုံးဂိုးသမားအဖြစ် မန်ယူအသင်းဂိုးသမား ဒီဂီယာ စံချိန်သစ်တင်

ပရီးမီးယားလိဂ်ပွဲ ၄၀၀ ပြည့်မြောက်သည့် ပထမဆုံးဂိုးသမားအဖြစ် မန်ယူအသင်းဂိုးသမား ဒီဂီယာ စံချိန်သစ်တင်

မန်ယူအသင်းဂိုးသမားဒီဂီယာသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အဖြစ် ကစားသည့် မန်ယူအသင်းနှင့် လိဒ်အသင်းတို့ ပွဲစဉ်တွင် ပါဝင်ကစားခွင့်ရရှိပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပရီးမီးယား လိဂ်ပွဲပေါင်း ၄၀၀ ပြည့်မြောက်သည့်    ပထမဆုံးဂိုးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် ဂိုးသမားဒီဂီယာသည် ၂၀၁၁ ခုနှစ်က အက်သလက်တီကိုအသင်းမှ မန်ယူ အသင်းသို့ ပြောင်းရွှေ့ကြေးစတာလင်ပေါင် ၁၉ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး မန်ယူအသင်းတွင် ဝါရင့်ဂိုးသမားကြီး    ဗန်ဒါးဆားအနားယူပြီးနောက် အသင်းတွင် ဦးစားပေးဂိုးသမားအဖြစ် ဘောလုံးရာသီ တိုင်းကစားခွင့်ရရှိပြီး   ဆယ်စုနှစ်   တစ်စုကျော်ကြာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ကာ လိဒ် အသင်းနှင့်ပွဲစဉ်အပြီးတွင် ပရီးမီးယားလိဂ်ပွဲ  ၄၀၀ ပြည့်မြောက်သည့်     ပထမဆုံးဂိုးသမားအဖြစ်ပါ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒီဂီယာသည် မန်ယူအသင်းနှင့်  လိဒ်အသင်းတို့ ကစားသည့်ပွဲစဉ်၌  ပါဝင်ကစားချိန်တွင်   ၎င်း၏အသက်မှာ ၃၂ နှစ်နှင့် ၉၇ ရက်သာ ရှိသေးသည့်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၄၀၀ ပြည့်မြောက် သည့်  အသက်အငယ်ဆုံး ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့သည့်အပြင် မန်ယူအသင်းတွင်လည်း ပရီးမီးယားလိဂ်  ၆၃၂ ပွဲကစားထားသည့်  ရွိင်ယန်ဂစ်နှင့်  ၄၉၉  ပွဲကစားထားသည့်  ပေါလ်စခိုးတို့ ပြီးနောက် ပွဲပေါင်း ၄၀၀ ပြည့်မြောက်သည့် တတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲပေါင်း ၄၀၀ ပြည့်မြောက်သည့် ဂိုးသမားဒီဂီယာ၏နောက်တွင် အဲဗာတန်အသင်း ဂိုးသမားဟောင်း တင်ဟောင်းဝပ်က ၃၉၉ ပွဲ၊ ဝက်စ်ဟမ်းအသင်းဂိုးသမားဟောင်း ဘင်ဖော်စတာက  ပွဲပေါင်း  ၃၉၀၊  ဘလက်ဘန်း အသင်းဂိုးသမားဟောင်း ပေါ့လ်ရော်ဘင်ဆင်က ၃၇၅ ပွဲ၊ အက်စ်တွန်ဗီလာ အသင်းဂိုးသမားဟောင်း သောမက်ဆိုရန်ဆင်က ၃၆၄ ပွဲဖြင့် ရပ်တည်လျက်ရှိကြောင်း သိရသည်။           

 Ref;Opta.com