ရီးယဲလ်မက်ဒရစ် အသင်းသမိုင်းတစ်လျှောက် တတိယမြောက်ဆုဖလား အများဆုံး ရယူပေးနိုင်သည့် နည်းပြအဖြစ် နည်းပြအန်ဆယ်လော့တီမှတ်တမ်းဝင်

ရီးယဲလ်မက်ဒရစ် အသင်းသမိုင်းတစ်လျှောက် တတိယမြောက်ဆုဖလား အများဆုံး ရယူပေးနိုင်သည့် နည်းပြအဖြစ် နည်းပြအန်ဆယ်လော့တီမှတ်တမ်းဝင်

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီ သည်  ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆု  ဆွတ်ခူးပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက်  တတိယမြောက်  ဆုဖလားအများဆုံး ဆွတ်ခူးပေးနိုင် သည့်နည်းပြအဖြစ်   မှတ်တမ်းဝင်ခဲ့ကြောင်း   သိရသည်။

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ရီးယဲလ်မက် ဒရစ်အသင်းသည် ဆော်ဒီကလပ်အယ်ဟီလယ်အသင်း နှင့်ကစားရာတွင် ၅ ဂိုး- ၃ ဂိုးဖြင့်  အနိုင်ရရှိပြီးနောက် ငါးကြိမ်မြောက် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ  ဝါရင့်နည်းပြ  အန်ဆယ်လော့တီသည် လည်း ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ ပြီးနောက် အသင်းနှင့် စုစုပေါင်းဆုဖလားကိုးလုံးအထိ ရရှိပြီး ရီးယဲလ်မက်ဒရစ်အသင်းကို တတိယမြောက် ဆုဖလားအများဆုံးဆွတ်ခူးပေးနိုင်သည့်   နည်းပြအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီသည် ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို အေစီမီလန်အသင်းနှင့်တစ်ကြိမ်၊ ရီးယဲလ် မက်ဒရစ်အသင်းနှင့်နှစ်ကြိမ်     စုစုပေါင်းသုံးကြိမ် ဆွတ်ခူးနိုင်ပြီး   အကြိမ်ရေအများဆုံးရရှိထားသည့် လက်ရှိ   မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏ စံချိန်ကိုလည်း လိုက်မီနိုင်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်း   သမိုင်းတစ်လျှောက်  ဆုဖလားအများဆုံး   ဆွတ်ခူးပေးနိုင်သည့်နည်းပြအဖြစ် မီဂူရယ်က ဆုဖလား ၁၄ လုံးဖြင့်ရပ်တည်နေပြီး နည်းပြ ဇီဒန်းက ဆုဖလား ၁၁ လုံးဖြင့် ဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရသည်။                   

Ref:Marca