ဆီးရီးယားရှိ အနောက်အုပ်စုလက်ဝေခံအကြမ်းဖက်သမားများက ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးလုပ်ငန်းကို ဟန့်တား

ဆီးရီးယားရှိ အနောက်အုပ်စုလက်ဝေခံအကြမ်းဖက်သမားများက ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးလုပ်ငန်းကို ဟန့်တား

ဆီးရီးယားနိုင်ငံအတွင်းရှိ အနောက်အုပ်စုလက်ဝေခံအကြမ်းဖက်သမားများသည် ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးလုပ်ငန်းကို ဟန့်တားလျက်ရှိကြောင်း သိရသည်။

အနောက်အုပ်စုလက်ဝေခံအကြမ်းဖက်အဖွဲ့ဖြစ်သည့် ဟာယတ်တာရာအယ်ရှမ်(HTS)အဖွဲ့သည် ကုလသမဂ္ဂက ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလိုအပ်ဆုံးသောထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်မှုကို ဟန့်တားနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂမှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ယခင်က အယ်နျူဆရာတပ်ဦးအဖြစ် နာမည်ကျော်ခဲ့သည့်  HTS အဖွဲ့သည် ဆီးရီးယားနိုင်င ံအနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး ဆီးရီးယားသမ္မတဘာရှာအယ်အာဆတ်  လက်အောက်ရှိ နယ်မြေများမှ ဝင်လာသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ငလျင်ဒဏ်သင့်ဒေသများသို့ ဝင်ရောက်ခွင့်တားမြစ်နေခြင်း ဖြစ်သည်။

အလားတူ   အမေရိကန်နိုင်ငံ၏ထောက်ပံ့ခံ  ကာ့တပ်ဖွဲ့များကလည်း နိုင်ငံအရှေ့မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ကယ်ဆယ်ရေးယာဉ်တန်းကို ဖေဖော်ဝါရီ ၉ ရက်တွင်မောင်းထုတ်ခဲ့ကြောင်း ဆီးရီးယားအစိုးရက ထုတ်ပြန်ထားသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံဦးဆောင်သော အနောက်အုပ်စုက ဆီးရီးယားနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းမရှိသောကြောင့် နိုင်ငံတကာမှ ဆီးရီးယားနိုင်ငံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးရာ၌ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် တူကီယဲနိုင်ငံ၌လှုပ်ခတ်သော အင်အားပြင်းငလျင်ဒဏ်ကို ဆီးရီးယားနိုင်ငံကလည်း ခံစားရပြီး ယခုအခါ အဆိုပါငလျင်ကြောင့်  နှစ်နိုင်ငံစလုံးမှသေဆုံးသူစုစုပေါင်း ၃၆၀၀၀ ကျော်လာပြီဖြစ်ကြောင်း သိရသည်။

Ref:Sputnik