မောင်တောမြို့နယ်နှင့် ခန္တီးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မောင်တောမြို့နယ်နှင့် ခန္တီးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

        တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကိုသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက်ရှိသည်။

      ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးကုသရေး အဖွဲ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၂၆ ဦးကိုလည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးကုသရေး အဖွဲ့က  စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ်၊ ဖားမောင်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၂ ဦးကိုလည်းကောင်း သတ်မှတ်နေရာ အသီးသီး၌ မျက်စိရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြော ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG နှင့် အမ်ထရာဆောင်း စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများဆောင်ရွက်ပေးသည်။

      ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။