ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား ဆန်၊ ဆီ၊ ဆားနှင့် ထောက်ပံ့ ချီးမြှင့်ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား ဆန်၊ ဆီ၊ ဆားနှင့် ထောက်ပံ့ ချီးမြှင့်ငွေများပေးအပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၇

      ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ တွေ့ဆုံသည်။

       ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များအတွက် ဆန်၊ ဆီ၊ ဆားနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ဒုတိယတိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။