မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ  - ၁၇

    မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာရှိ ပေါ်တော်မူဆုတောင်းပြည့် ဘုရားကြီးကျောင်းဓမ္မာရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၄၂၇ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၈ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၂ ဦး၊ အရိုးရောဂါ ၁၁၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၆ ဦး၊ မျက်စိရောဂါ ၈၂ ဦး၊ သွားရောဂါ ၁၃ ဦးနှင့် အထွေထွေရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၀ ဦး၊ Ultrasound ဖြင့် စမ်းသပ် စစ်ဆေးလူနာ ၂၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး တပ်မတော် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ခဲ့ကြောင်း သတင်းရရှိသည်။