(၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

(၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

      (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်သည်။

       အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

       အခမ်းအနား အစီအစဉ်အရ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဖွင့်မိန့်ခွန်း ပြောကြားသည်။

     ထို့နောက် တပ်မတော်ဂုဏ်ပြု စစ်တီးဝိုင်းအဖွဲ့က သရုပ်ပြတီးခတ် ဖျော်ဖြေကြရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တက်ရောက် လာကြသည့် တပ်မတော် အရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး တပ်မတော်ဂုဏ်ပြု စစ်တီးဝိုင်းအဖွဲ့အား  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

     အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်းပေါင်း(၃၁)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။