မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

     မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေး အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ အလှူရှင်နှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

      ဦးစွာ အလှူရှင် ဦးစေ့ဟုတ်နှင့် ဇနီး ဒေါက်တာ အေးအေးမာ မိသားစုက ကျောက်စာရုံစေတီ တစ်ဆူအတွက် အလှူငွေကျပ် ၂၇၉ သိန်း၊ ပိဋကတ်(၃)ပုံ ကျမ်းစာအုပ်(ဂျပန်ဘာသာ) တစ်အုပ်နှင့် ငွေကျပ်သိန်း ၂၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။